မြဝတီနှင့်ကော့သောင်းနယ်စပ်မှ သီဟိုဠ်စေ့ ၂၂ တန်ကျော်တင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ကော့သောင်းနယ်စပ်မှ ၂၀၁၅ ခုနှစ် မတ်လအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုကတော့ မြဝတီကုန်သွယ်ရေးဇုန်မှ ၃ တန်နဲ့ ကော့သောင်းနယ်စပ်မှ ၁၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့မှ ၁၇ ရက်တာကာလ အတွင်းမှာတော့ မြဝတီ ကုန်သွယ်ရေးဇုန်က တင်ပို့နိုင်ခြင်းမရှိဘဲ ကော့သောင်း နယ်စပ်ကုန်သွယ် ရေးစခန်းကတော့ ကန်ဒေါ်လာ သုည ဒသမ ဝ၇၀ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် MIRT