Phytosanitary Certificate ပေးပို့တင်ပြရန် ပျက်ကွက်လျက်ရှိသော ကုမ္ပဏီများအပေါ် နောင် Import Cartificate ထုတ်ပေးခြင်းကိစ္စအား ပြန်လည်သုံးသပ်သွားမည်ဟုသိရ

 

          စိုက်ပျိုးရန် ရည်ရွယ်၍ မျိုးစေ့တင်သွင်းခွင့် လျှောက်ထားလာသူများရဲ့ တောင်းဆိုချက်အရ သွင်းကုန် လိုင်စင်/ပါမစ် လျှောက်ထားရာတွင် စိုက်ပျိုးရေးဌာနရဲ့ Import Cataficate နဲ့သာ လျှောက်ထားခွင့်ပြုရန်နဲ့ မျိုးစေ့များရောက်ရှိလာတဲ့အခါ မျိုးစေ့နမူနာနဲ့အတူ မူရင်း Phytosanitary Certificate (PC) ကို တင်ပြမယ် ဆိုတဲ့ကတိခံဝန်ချက် (Undertaken) နဲ့ လိုင်စင်ခွင့်ပြုပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ PC  တင်ပြရန် ပျက်ကွက်ပါက နောင်တွင် IC  ထုတ်ပေးခွင့်မပြုကြောင်းလည်း အသိပေး ထားပြီး ဖြစ်ပါတယ်။

          ယခုအခါ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှာ IC ကိုခံဝန်ချက်ပြုလျှောက်ထား သွားသော်လည်း နမူနာနဲ့အတူ ပစ္စည်းတင်ပို့တဲ့ မူရင်းနိုင်ငံရဲ့ အပင်ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် PC ကို လာရောက်အပ်နှံခြင်း မပြုတဲ့ကုမ္ပဏီများရှိနေကြောင်းစိစစ်တွေ့ရှိရတဲ့အတွက် IC ထုတ်ပေးရန် ကိစ္စကို ပြန်လည် သုံးသပ်သွားမယ်လို့ သက်ဆိုင်ရာကုမ္ပဏီများသို့ အကြောင်းကြားထားတယ်လို့သိရှိရပါတယ်။

          ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှ ၂၀၁၅ ခုနှစ် ဧပြီ ၇ ရက်နေ့အထိ စိုက်ပျိုးရန် ရည်ရွယ်၍ မျိုးစေ့ တင်သွင်းမှုအပေါ် ထုတ်ပေးထားသော IC များအနက် PC မရရှိတဲ့ ကုမ္ပင်္ဏီ ၆ ခုရှိတယ်လို့ သိရပါတယ်။ အဆိုပါကုမ္ပဏီများက တင်သွင်းတဲ့ မျိုးစေ့တွေကတော့ ပန်းဂေါ်ဖီစေ့၊ ခရမ်းချဉ်သီးစေ့၊ ဟင်းသီးဟင်းရွက်စေ့၊ ပြောင်းစေ့၊ ဝါစေ့၊ နေကြာစေ့၊ ရုံးပဒီသီးစေ့၊ Mucuna bracteata ပဲမျိုးစေ့၊ Coriander   နံနံစေ့တို့ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ အီတလီ၊ ဟောင်ကောင်၊ ကိုရီးယားနဲ့ Costa Rica နိုင်ငံတို့မှ တင်သွင်းထားတာဖြစ်ပါတယ်။

                                                                                        ပန်