မြဝတီနဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပိုမိုတင်ပို့

 

          မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများက ၂၀၁၅ ဧပြီ ၁၈ ရက်မှ ၂၄ ရက်ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄၈၆ သန်းတန်ဖိုးရှိ ရေထွက် ၂၄၂၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း မြဝတီကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာ ဝ ဒသမ ၁၆၀ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၅၉ တန်နီးပါး၊ ကဏန်း ၂၈ တန်ကျော် ပုဇွန် ၁ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၆၇ တန် ကျော်ပိုမိုတင်ပို့နိုင်ပါတယ်။

          ကော့သောင်းကုန်သွယ်ရေးစခန်းကလည်း ကန်ဒေါ်လာ ဝ ဒသမ ၈၄၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်များ ဖြစ်သော ငါးမျိုးစုံ ၈၉၅ တန်ကျော် ပုစွန် ၁၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၈၅၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

          မြိတ်ကုန်သွယ်ရေးစခန်းက ကန်ဒေါ်လာ ၁ ဒသမ ၄၈၁ သန်းတန်ဖိုးရှိ ရေငန်ငါး ၁၂၉၃ တန်နီးပါး၊ ရေငန်ပုစွန် ၁၈ တန်ကျော်၊ ငါးမှုန့် ၁၀၅ တန်၊ ကင်းမွန် ၂ တန်ကျော်နဲ့ သဲကဏန်း အနည်းငယ် တင်ပို့နိုင်ခဲ့     ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၉၃၃ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။

         

                                                                           ခင်မြနွယ် MIRT