“ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်း တက်ရောက်အမှာစကား ပြောကြား
နေပြည်တော်၊ ဇန်နဝါရီ ၁၇
ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံမှ ဝါးထုတ်ကုန်များ ပြည်တွင်းဈေးကွက် ချဲ့ထွင်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် “ဝါးပို့ကုန်မြှင့်တင် ရေးနှင့် ပြည်ပဈေးကွက်အလားအလာ” အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ရုံးအမှတ်-၃၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၂ ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီး ဦးမင်းမင်းက ဝါးအရင်းအမြစ်များကို အသုံးပြုခြင်းဖြင့် လူနေမှုဘဝတိုးတက် ရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ပြီး ရာသီ ဥတုပြောင်းလဲမှုကိုလျှော့ချရေး၊ ပို့ကုန်အလားအလာရှိသည့် ဝါးထုတ်ကုန်ပစ္စည်းများ ကုန်သွယ်မှုမြှင့် တင်ရေး၊ ဝါးလက်မှုပစ္စည်းလုပ်ငန်းသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေပြီး ပြည်တွင်းခရီးသွား များသာမက နိုင်ငံခြားခရီးသွားဧည့်သည်များကိုပါ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များအား ဆန်းသစ်တီထွင် ထုတ်လုပ်ပြီး လက်ဆောင်ပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချပါက ဝါးတောင်သူများနှင့် ထုတ်လုပ်သူ များ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည့် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်သည့် အတွက် ဝါးပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက် လျက်ရှိသည့်အတွက် ဝါးတန်ဖိုးမြှင့် လုပ်ငန်းများထုတ်လုပ်တင်ပို့ခြင်းဖြင့် အလုပ်အကိုင် အခွင့် အလမ်းများရရှိနိုင်ကြောင်း၊ ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါးထုတ်ကုန်ပစ္စည်းများ တိုးမြှင့် ထုတ်လုပ်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဝါးထုတ်ကုန်များ ခင်းကျင်းပြသထားမှုအား လှည့်လည် ကြည့်ရှုခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ဝါးဈေးကွက်အခြေအနေများ၊ ထုတ်ကုန်များ ထုတ်လုပ်မှုအခြေအနေများ၊ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဝါးစိုက်ပျိုး ထုတ်လုပ်မှုနှင့် ဝါးသယံဇာတရေရှည်အသုံးချနိုင်ရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင် ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံ လက်မှုအနုပညာအသင်း၊ မြန်မာနိုင်ငံကြိမ်ဝါးအသင်း၊ မျှစ်နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူမျိုးတူစုအဖွဲ့နှင့် ဆက်စပ်ပို့ကုန်လုပ်ငန်း ရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။