ပဲမျိုးစုံဆွေးနွေးပွဲ -၂၀၂၅ သို့ ပါဝင်တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂    

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပမည့် ပဲမျိုးစုံဆွေးနွေးပွဲ-၂၀၂၅ သို့တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နယူးဒေလီမြို့သို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ကြ သည်။

          အဆိုပါ ပဲမျိုးစုံဆွေးနွေးပွဲ - ၂၀၂၅ အား ကမ္ဘာ့ပဲဈေးကွက်အခြေအနေများအားဆွေးနွေးနိုင် ရန်၊  ပဲမျိုးစုံကဏ္ဍတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန်နှင့် အခွင့်အလမ်းများ ရှာဖွေနိုင်ရန် ညှိနှိုင်းဆွေးနွေးအဖြေရှာနိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကာ အိန္ဒိယနိုင်ငံနှင့်ပဲမျိုးစုံ ကုန်သွယ်မှုဆောင်ရွက်လျက်ရှိသော ကမ္ဘာ့နိုင်ငံ အသီးသီးမှအစိုးရဌာန ကိုယ်စားလှယ်အဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်အဖွဲ့များ၊ ကဏ္ဍအသီးသီးမှ ပညာရှင်များ ပါဝင်တက်ရောက်ကြမည် ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲ တက်ရောက်သည့်ကာလအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တို့သည် အိန္ဒိယနိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ များနှင့် သီးခြားတွေ့ဆုံကာ မြန်မာ့ ပို့ကုန်ပဲများ အိန္ဒိယနိုင်ငံသို့ အဆင်ပြေချောမွေ့စွာနှင့် ရေရှည် ဈေးကွက်တည်ငြိမ်စွာ တင်ပို့နိုင်ရေး သီးခြားဆွေးနွေးသွားရန်ရှိကြောင်းနှင့် အဆိုပါ ပဲမျိုးစုံဆွေးနွေး ပွဲ- ၂၀၂၅သို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း ကုန်သည်များအသင်းမှ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများ အပါအဝင် စီးပွားရေးလုပ်ငန်း ရှင်များနှင့် နိုင်ငံ ၂၀ ကျော်မှ ကိုယ်စားလှယ်များလည်း ပါဝင်တက် ရောက်ကြကြောင်း သတင်းရရှိသည်။