ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် “ပညာရည်ထူးချွန်သူ ကျောင်းသား/ကျောင်းသူများနှင့် သင်တန်းထူးချွန်သူဝန်ထမ်းများကို ဂုဏ်ပြုဆုချီးမြှင့်ပွဲ” အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးရရှိသူများ၊ ဘက်စုံပညာထူးချွန်ဆုရ ဝန်ထမ်းသား/သမီး၊ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ကြီးဌာနမှ သင်တန်းထူးချွန်သူဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာ စကားပြောကြား