အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုဆိုင်ရာ သွင်းကုန်မူဝါဒ ပြောင်းလဲမှုနှင့်ပတ်သက်ပြီး ပဲမျိုးစုံကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၀၉း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော “အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုဆိုင်ရာ သွင်းကုန်မူဝါဒ ပြောင်း လဲမှုနှင့်ပတ်သက်ပြီး ပဲမျိုးစုံကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ တောင်သူများ စိုက်ပျိုးထွက်ရှိလာမည့် ပဲများနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် သီးနှံအစားထိုး ပြောင်းလဲစိုက်ပျိုးရန်ကိစ္စများအား ပဲစိုက်ပျိုးထွက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ညှိနှိုင်းအစည်းအဝေး” သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား