အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အောက်ဖော်ပြပါ အခန်း(၃)ခန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူ၍ (၅)နှစ်သက်တမ်း၊ (၁)နှစ်တစ်ကြိမ်စာချုပ်စနစ်၊ ငှားရမ်းမှု တန်ဖိုး၏ (၁) လစာအား စပေါ်ငွေအဖြစ်ထားရှိ၍ ငှားရမ်းခနှင့်ကုန်သွယ်လုပ်ငန်းခွန် (၅%)တို့အား (၁၂)လစာ ကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် နှစ်စဉ်ငှားရမ်းခကို ၅% တိုးမြှင့်၍ငှားရမ်းရန် အိတ်ဖွင့် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်-
(က) Lot (1) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် (၅၄၄) အခန်း(၁)ခန်း
Lot (2) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် (၂၇၄/၂၇၆) (၂) ခန်းတွဲအခန်း (၁)ခန်း
Lot (3) မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၈၃ x ၈၄)လမ်းကြား၊ (၂၇)လမ်း၊ အမှတ်(၂၆၇)၊ ဝဲဘက်အခန်း(၁)ခန်း
( ခ ) တင်ဒါပုံစံရောင်းချမည့်နေ့ရက် - ( ၅-၃-၂၀၂၁ မှ ၇-၄-၂၀၂၁ ထိ )
( ရုံးချိန်အတွင်း )
( ဂ ) တင်ဒါပိတ်မည့် နေ့ရက်/အချိန် - ၇-၄-၂၀၂၁ ရက်နေ့၊ (၁၅:၀၀)နာရီ
(ဃ) တင်ဒါပုံစံရောင်းချမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်
( င ) တင်ဒါစည်းကမ်းချက် - ၇-၄-၂၀၂၁ ရက်နေ့၊ (၁၅:၀၀)နာရီ
ရှင်းလင်းမည့်နေ့ရက်/အချိန်
( စ ) တင်ဒါတင်သွင်းဖွင့်ဖောက်မည့် - ၈-၄-၂၀၂၁ ရက်နေ့၊ (၁၃:၀၀)နာရီ
နေ့ရက်/အချိန်/နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်
၂။ တင်ဒါဖွင့်ဖောက်မည့်နေ့တွင် တင်ဒါတင်သွင်းသူကိုယ်တိုင် ဝန်ကြီးဌာန၊ တင်ဒါကော်မတီ၏ ရှေ့မှောက်တွင် အဆိုပြုလွှာအား တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
၃။ ကုန်သွယ်ရေးဦးစီးဌာနမှ ငှားရမ်းမည့်အခန်းများ၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံရောင်းချ မည့်နေရာတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းအမှတ် (၀၆၇-၃၄၀၈၄၁၀)သို့ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးအဖွဲ့