ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်း (၃)ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁၃)ခု မှ ယာဉ်စီးရေ(၂၂)စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီးဖြင့် (၃၈) တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၁၀)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၁၇၄၀)ခု၊ Oxygen Plant (၆)ခု၊ Oxygen Genertor (၂)ခု၊ အိမ်သုံး Oxygen Concentrator(၄၅၇)ခု၊ PPE (၇၆၀) စုံ ၊ လက်အိတ် (၁၂) တန်နှင့် နှာခေါင်းစည်း(Mask) (၃၇)တန် တင်သွင်းခဲ့ပါသည်။ အောက်ဆီဂျင် အရည်(Bowser)ယာဉ် (၂)စီးမှာ မော်လမြိုင်မြို့နှင့်ရန်ကုန်မြို့တို့သို့ဖြစ်ပြီး Oxygen Plant(၆)ခုမှာ ရန်ကုန်မြို့သို့(၄)ခု၊ မြင်းမူမြို့ နှင့် မန္တလေးမြို့သို့ (၁)ခုစီ ဖြစ်ကြောင်း သိရှိရပါသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။