အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် အောက် ဖော်ပြပါ မြေနှင့် သိုလှောင်ရုံတို့အား (၅)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
Lot- 1 (က) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရှိ မြေ(၁.၈)ဧက
Lot- 2 ( ခ ) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့ဟောင်းရပ်ရှိ သိုလှောင်ရုံ အမှတ်(၁၁) (၁၅၀' x ၆၀' x ၂၀') (သွပ်၊ သွပ်၊ ကွန်)
( ဂ ) တင်ဒါပုံစံရောင်းချမည့်ရက် - (၁၀.၂.၂၀၂၂) ရက်မှ ( ၉.၃.၂၀၂၂)ရက်ထိ
(ရုံးချိန်အတွင်း)
(ဃ) တင်ဒါပုံစံရောင်းချရန် - ( ၉.၃.၂၀၂၂)ရက် ညနေ(၁၆:၀၀)နာရီ
ပိတ်မည့်နေ့/အချိန်
( င ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်- (၁၀.၃.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ
( စ ) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။
(ဆ) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
( ဇ ) တင်ဒါစည်းကမ်းချက်များ - (၁၀.၃.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ
ရှင်းလင်းမည့်နေ့/အချိန်/နေရာ ရုံးအမှတ်(၅၂)၊ နေပြည်တော်
( ဈ ) တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊
စစ်တွေမြို့၊တိုင်းဒေသကြီးဦးစီးမှူးရုံး၊မန္တလေးမြို့။
(ည) Deposit ပေးသွင်းနိုင်သည့် - တင်ဒါစည်းကမ်း သတ်မှတ်ချက် ပုံစံတွင် ဖော်ပြ နေရာထားပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် မြေနှင့်သိုလှောင်ရုံတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၄၃-၂၁၁၁၇၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးကော်မတီ