နယ်စပ်ပို့ကုန်များကို သယ်ဆောင်သည့် ကုန်တင်ယာဉ်များအတွက် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားမှုများကို အဆင်ပြေချောမွေ့စေရေး Vehicle Monitoring System ဖြင့် ခွင့်ပြုဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေး
ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်လမ်းကြောင်းမှ ဘဏ်စနစ်ဖြင့် မှန်ကန်စွာဆောင်ရွက်လာစေရန် ပို့ကုန်တင်ပို့သည့်ယာဉ်များ အတွက် သယ်ဆောင်ခွင့်များအား စိစစ်ခွင့်ပြုပေးခြင်းကို အွန်လိုင်းမှ Vehicle Monitoring System စနစ်ဖြင့် စတင်ဆောင်ရွက်သည့် အစီအစဉ်နှင့်ပတ်သက်၍ ကုန်သည် လုပ်ငန်းရှင်များ ရှင်းလင်းစွာ သိရှိဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲကို ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းတို့က တက်ရောက်အမှာစကားများပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် နယ်စပ်မှ ပို့ကုန်အမျိုးအစားအားလုံးကို သယ်ဆောင်သည့် ယာဉ်များအတွက် QR Code ပါဝင်သည့် ယာဉ်သယ်ဆောင်ခွင့်ကို အွန်လိုင်းမှ Vehicle Monitoring System စနစ်ဖြင့် လျှောက်ထားခွင့်ပြုမည့်အစီအစဉ်၊ စစ်ဆေးဆောင်ရွက်သွားမည့် လမ်းကြောင်းများ၊ ယင်းအစီအစဉ်အတွက် မူဝါဒဆိုင်ရာ ထုတ်ပြန်ချက်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြခဲ့သည်။
ဆွေးနွေးပွဲကို ပုဂ္ဂလိကလုပ်ငန်းရှင်များ ၊ နယ်စပ်ကုန်သွယ်ရေးဇုန်များမှ တာဝန်ရှိသူများ စုစုပေါင်း (၂၃၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။