အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ်ခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးသုံးစက်ကိရိယာများဖြစ်သည့် ICT ဆက်စပ် ပစ္စည်းများအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ်စံချိန်စံညွှန်းနှင့်တင်ဒါ စည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ်ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီ/ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည် -
စဉ် |
Lot No |
အကြောင်းအရာ |
အရေအတွက် |
(က) |
Lot - 1 |
(၁) Desktop Computer Set - Processor : Core i7 12 Gen - Memory : 8GB DDR -4 - Harddisk : HDD 1TB (or) SSD 512 GB - Graphic Card : Intel Integrated Graphics - Optical Drive : DVD -RW - Keyboard : USB Keyboard - Mouse : USB Optical - Monitor : Monitor |
9 Sets |
(၂) UPS - Rating : 650 VA |
9 Nos |
||
(၃) 24 Ports Gigabite Management Switch |
3 Nos |
||
(၄) Patch Panel with 24 Prots Switch Cat 6 |
3 Nos |
||
(၅) Cable Management - Height : 44. 45 mm (or) 1.75 inches - Width : 483.108mm(or)19.02 inches |
3 Nos |
၂။ တင်ဒါတင်သွင်းမည့်သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်-
(က) တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်
ဖြစ်ပါသည်။
(ခ ) တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင်
(P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါ အောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါ
စပေါ်ငွေအား (၇) ရက်အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
(ဂ ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။
(ဃ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ Lot အလိုက်တင်သွင်းမည့် ICT
ဆက်စပ်ပစ္စည်းများ၏ အမျိုးအစားအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက်သူသည်
လုပ်ငန်းရှင်ကိုယ်တိုင်(သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေကိုယ်စားလှယ်လွှဲအပ်ခြင်း တရားဝင်စာ
ပူးတွဲတင်ပြနိုင်မည့် ကိုယ်စားလှယ်ဖြစ်ရမည်။
( င ) အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။
( စ ) ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့်ကုန်ပစ္စည်း၏ Specification မှာ ဌာနမှ ရွေးချယ်သတ်မှတ်ထားသည့်
ကုန်ပစ္စည်းအမှတ်တံဆိပ် အရည်အသွေးအတိုင်း နှင့်ထုတ်လုပ်သည့်နိုင်ငံ (C/O) အတိုင်းဖြစ်ရမည်။ ပေးသွင်းရမည့်
ပစ္စည်းများအား ရုံးအမှတ်(၃)၊ နေပြည်တော်အရောက် ပို့ဆောင်ပေးရမည်။ ပစ္စည်းများ၏ Specification သည် ဌာနမှ
ရွေးချယ်သတ်မှတ်ထားသည့် Specification အတိုင်း ဖြစ်ရမည်။
(ဆ) ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှ
ဖြတ်တောက်ခွန် (၂%) ဖြတ်တောက်၍ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%)
ပေးသွင်းရန် သဘောတူရမည်။
(ဇ ) တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်း ဖြင့် ဝန်ကြီးရုံး၊
e-Government ဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။
(ဈ ) တင်ဒါပုံစံများတင်သွင်းရာတွင် ICT ဆက်စပ်ပစ္စည်း(၅)မျိုး၏ သတ်မှတ်အရည် အသွေး ၊ စံချိန်စံညွှန်းနှင့် တန်ဖိုးတို့ကို
ပြည့်စုံစွာရေးသား ဖော်ပြရမည်။
၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ICT ဆက်စပ်ပစ္စည်း (၅)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည် ဖြစ်ပါ၍ တင်ဒါ လာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံရောင်းချသည့်နေ့ - ( ၉-၄-၂၀၂၄ မှ ၂၂ -၄ -၂၀၂၄ ရက်နေ့ထိ )
တင်ဒါကော်မတီဖြင့်
ဈေးနှုန်းစိစစ်မည့်ရက် - (သီးခြားထပ်မံအကြောင်းကြားပါမည်)
ကျင်းပမည့်နေရာ - တိုးချဲ့အစည်းအဝေးခန်းမ၊
- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ရုံးအမှတ်(၃)၊ နေပြည်တော်
ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၀၈၅၁၈