ယခုအပတ်စားအုန်းဆီဈေးနှုန်းတစ်ပိဿာ ၆၃၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်၊ အောက်တိုဘာလ ၁၃

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကိုနေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရယခုအပတ်(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ရက်နေ့မှအောက်တိုဘာလ ၂၀ ရက်နေ့အထိ) ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆,၃၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

          ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့အထိထုတ်ပြန်သတ်မှတ်ခဲ့သည့်တစ်ပိဿာလက်ကားရည်ညွှန်းစျေးနှုန်းမှာ၆၇၂၀ ကျပ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိရည်ညွှန်းစျေးနှုန်းမှာ ၆၄၅၅ ကျပ် နှင့် အောက်တိုဘာလ ၁၄ရက်နေ့မှ၂၀ ရက်နေ့အထိ ရည်ညွှန်းစျေးနှုန်းမှာ ၆၃၅၅ ကျပ်ဖြစ်သည့်အတွက် ရည်ညွှန်းဈေးနှုန်းမှာ နှစ်ပတ်ဆက်တိုက်ကျဆင်းလာခဲ့ကြောင်းတွေ့ရှိရပါသည်။

ပြည်တွင်းဈေးကွက်အတွင်း ပြည်သူလူထုအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးရန် ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားရှိပါသည်။

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm  Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။