လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းရောက်ရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၄
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Innogen Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC AION S MEI 580 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Unitrust Enterprise Group of Co., Ltd. တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIQAR ICAR 03 အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များနှင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် YADEA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ ပါသဖြင့် ၄-၁၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိ သည်။