ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်ရေးနှင့် စီးဝင်စီးထွက်မှန်ကန်စေရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ ၇ ရက်

            စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်သည် ယနေ့နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် အသင်းဝင်အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ နှင့် အသင်းဝင်အလုပ်အမှုဆောင်များ၊  မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်အလုပ်အမှုဆောင်များ၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ဥက္ကဋ္ဌနှင့် လိုင်းခေါင်းဆောင် ကော်မတီဝင်များ၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီ ဝင်များ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ဥက္ကဋ္ဌနှင့် Super Market ၊ Mini Market နှင့် Shopping Mall တို့မှ တာဝန်ခံများနှင့်တွေ့ဆုံ၍ ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ် ရေးနှင့် စီးဝင်စီးထွက်မှန်ကန်စေရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

              အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြည်တွင်းဆန် ဈေးကွက်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စီးဝင်စီးထွက်မှန်ကန်စေရေးအတွက် တက်ရောက်လာသည့် အသင်းအဖွဲ့များ က ထိန်းကျောင်းဆောင်ရွက်ပေးသွားနိုင်ရေး၊ တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးသွားရန်နှင့် ဌာနအနေဖြင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပါသည်။ 

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်းတို့မှ တာဝန်ရှိသူများက ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်ရေး နှင့် စီးဝင်စီးထွက်မှန်ကန်စေရေးအတွက် စီမံဆောင်ရွက်သွားမည့် အခြေအနေများကို ဝိုင်းဝန်း ဆွေးနွေးတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို လမ်းညွှန်ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။