စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဒီပဲယင်းမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များလိုက်ပါလျက် ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ် မူးကမ်း-ဆူးတပ်ကျေးရွာ သို့ရောက်ရှိပြီး ကျေးရွာလျှပ်စစ်မီးရရှိရေး အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။