စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကျွန်းလှမြို့၌ သီတဂူ စက္ခုဒါန ဆေးရုံတော်ကြီး ဖွင့်လှစ်ပွဲနှင့် မျက်စိ၊ သွား၊ ခံတွင်းဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေး

  သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿ ရအမှူးပြုတော်မူပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့်ဇနီးဒေါ်မြင့်မြင့်သန်း မိသားစု၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးသာအေးနှင့်ဇနီးဒေါ်ဝေဝေခိုင်မိသားစု၊ အလှူရှင်များ၊ကျွန်းလှမြို့နယ်သူမြို့နယ်သားများ စုပေါင်းကောင်းမှုဖြင့် ကျွန်းလှမြို့ သီတဂူစက္ခုဒါနဆေးရုံတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၁)ရက် နံနက်(၀၈း၀၀)နာရီအချိန်က ကျွန်းလှမြို့ သီတဂူစက္ခုဒါန ဆေးရုံးဝင်းအတွင်းကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ စက္ခုဒါနဆေးရုံတွင် တန့်ဆည်၊ကန့်ဘလူ၊ကျွန်းလှ၊ကောလင်း၊အင်းတော်၊ပင်လယ်ဘူး၊ဝန်းသို၊နှင့် အခြားမြို့နယ်များမှ ပြည်သူများအား ဒီဇင်ဘာလ(၁၈)ရက်နေ့မှ(၂၅)နေ့အထိ မျက်စိဝေဒနာရှင်များနှင့်သွားခံတွင်း ဝေဒနာ ရှင်များ စုစုပေါင်း(၅၀၀၀)ကျော်တို့အား အခမဲ့ ခွဲစိတ်ကုသပေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။