(၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် အထိမ်းအမှတ် မနောမြေ ကုန်သွယ်မှုဗဟိုဌာနအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဖွင့်လှစ်ပေး

(၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် အထိမ်းအမှတ် မနောမြေ ကုန်သွယ်မှုဗဟိုဌာနဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၇)ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကုန်သွယ်မှုမြှုင့်တင်ရေးဦးစီးဌာရုံးတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ဖွင့်လှစ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။