စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ Lake Garden Hotel တွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၀) ရက်နေ့နှင့် (၂၁) ရက်နေ့များ၌ TRADE POLICY REVIEW FOLLOW-UP WORKSHOP ကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ဥရောပသမဂ္ဂ(EU) တို့၏အကူအညီအထောက် အပံ့များဖြင့်TRADE POLICY REVIEW FOLLOW-UP WORKSHOP ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Lake Garden Hotel ၌ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးနှင့် TPRB Division မှ Director Mr.Willy Alfaro နှင့် ဥရောပသမဂ္ဂ(EU) မှ Mr.Alberto Menghini (Programme Manager-Trade And Private Sector, Delegation of the European Union to Myanmar) တို့က အဖွင့်အမှာစကားအသီးသီးပြောကြားသည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ TPR ဆိုင်ရာအစည်းအဝေးပွဲကြီးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံး ၌ ၂၀၁၄ ခုနှစ်၊ မတ်လတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး နောက်ပိုင်း ကာလတွင်ဖြစ်ပေါ်တိုးတက်မှုများ ကို သိရှိနားလည်စေရန်နှင့် WTO မှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများမ TPR အစည်းဝေးများဆိုင်ရာအချက်အလက်များတင်ပြဆွေးနွေး၍ အမြင်ချင်းဖလှယ်နိုင် ရန်အတွက်ရည်ရွယ် ချက်ြ ဖင့်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း (၂၂) ခု လက်အောက်ရှိ ဦးစီးဌာန (၅၀) ခုတို့မှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူအရာထမ်း(၇၀) ဦး ပါဝင်တက်ေ ရာက်ဆွေးနွေးခဲ့ကြသည်။

          ၎င်းအလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ကုန်သွယ်မှုနှင့်ကုန်သွယ်မှုနှင့်ဆက်စပ်သော ဌာနများမှ မူဝါဒများကို ပွင့်လင်းမြင်သာမှုရှိစေရန် အတွက်ဆောင်ရွက်သင့်သည့်အချက်များ၊ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်း ကိုဆောင်ရွက်ပြီး နောက်ပိုင်းဖြစ်ပေါ်တိုးတက်မှု များ၊ ပြည်ပအဖွဲ့အစည်းများမှ အကူအညီအထောက်အပံ့ရယူရန်လိုအပ်ချက်များကိုဖော်ထုတ်သိရှိခဲ့ရသည့်အပြင်မြန်မာနိုင်ငံ၏ ဘက်စုံဖွံဖြိုး တိုးတက်ရေးအတွက်သက်ဆိုင်ရာ ဝန်ကြီးဌာနများသည်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပိုမိုပူးပေါင်း ဆက်သွယ်ဆောင်ရွက် နေမှုများ ကို ဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအား ဇန်နဝါရီလ (၂၁) ရက်နေ့အထိကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။