မူဆယ်မြို့ရှိ ကွမ်ရင်စီဘုရားကျောင်းတိုက်မှ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မူဆယ်မြို့ရှိ ကွမ်ရင်စီဘုရားကျောင်းတိုက်မှ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းပစ္စည်းများတင်ဆောင်လာသော ၆ ဘီးကားတစ်စီးဖြင့် ၉.၈.၂၀၁၅ ရက်နေ့တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်ဖြတ်သန်းသွားကြောင်း သတင်း ရရှိပါသည်။ အဆိုပါပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)      ကျား/ မ အဝတ်အထည် (သေး)                    ၄၅ အိတ် (ခန့်မှန်းတန်ဖိုး ၃ သိန်း)

          ( ခ)       ကျား/ မ အဝတ်အထည် (ကြီး)                      ၈ အိတ် (ခန့်မှန်းတန်ဖိုး ၂ သိန်း)

          ( ဂ)       မုန့်ဖာစုံ                                                  ၅၅ အိတ် (ခန့်မှန်းတန်ဖိုး ၅ သိန်း)

          (ဃ)      မိုးကာအင်္ကျ ီ                                            ၅ အိတ် (ခန့်မှန်းတန်ဖိုး ၄ သိန်း)

          ( င)       ရေသန့်ဆေးရည် (ECO) Enzyme                  ၄၅ ဖာ(ခန့်မှန်းတန်ဖိုး ၅ သိန်း)

          ( စ)       ခေါက်ဆွဲခြောက်                                       ၆ ဖာ (ခန့်မှန်းတန်ဖိုး ၂  သိန်း)