စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး (၂၆) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မူပိုင်ခွင့်ဦးစီးဌာန
ကြော်ငြာစာအမှတ် (၁/၂၀၂၄)
လျှောက်လွှာခေါ်ယူခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး (၂၆) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်-
(က) ဒုတိယဦးစီးမှူး လစ်လပ်(၁၅) နေရာ
(လစာနှုန်းကျပ် ၂၁၆၀၀ဝ-၂၀၀ဝ-၂၂၆၀၀ဝ)
( ခ ) အငယ်တန်းစာရေး လစ်လပ် ( ၇ ) နေရာ
(လစာနှုန်းကျပ် ၁၈၀၀၀ဝ-၂၀၀ဝ-၁၉၀၀၀ဝ)
( ဂ ) ရုံးအကူ လစ်လပ် ( ၄ ) နေရာ
(လစာနှုန်းကျပ် ၁၄၄၀၀ဝ-၂၀၀ဝ-၁၅၄၀၀ဝ)
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) ဒုတိယဦးစီးမှူးရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
( အင်္ဂလိပ်၊ ဥပဒေ၊ ကွန်ပျူတာဘွဲ့ရရှိသူများ ဦးစားပေးမည်။)
(ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။)
( ဂ ) အငယ်တန်းစာရေးရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
(ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။)
(ဃ) ရုံးအကူရာထူးအတွက် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
(ကွန်ပျူတာကျွမ်းကျင်သူကို ဦးစားပေးမည်။)
( င ) ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် နိုင်သူ ဖြစ်ရမည်။
( စ ) ပါတီနိုင်ငံရေးကင်းရှင်းသူ၊ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသူဖြစ်ရမည်။
(ဆ) ဌာနဆိုင်ရာတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြစ်မှု၊ ပြစ်ဒဏ် တစ်ခုခုကျခံခဲ့သူ၊ နုတ်ထွက်ခဲ့သူ မဖြစ်စေရ။
( ဇ ) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်တွင် (၁၈)နှစ်ပြည့်ပြီး အသက်(၃၀)နှစ်ထက် မကျော် လွန်သူဖြစ်ရမည်။
(လက်ရှိဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ် ရမည်။)
( ဈ ) အထက်ဖော်ပြပါ ရာထူးအဆင့်များအားလုံးအတွက် ဌာနတွင် အနည်းဆုံးတစ်ဆက် တည်း(၃)နှစ်ပြည့်သည့်အထိ တာဝန်
ထမ်းဆောင်ရန် ဝန်ခံကတိပြုလက်မှတ်ရေးထိုးရမည်။
(ည) ဒုတိယဦးစီးမှူးရာထူးလျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ(၃)နှစ်ပြည့်သည်အထိ
တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၂၀)သိန်း(ကျပ်နှစ်ဆယ်သိန်းတိတိ)ကို
တစ်လုံးတစ်ခဲတည်ပေးလျော်ရမည်။
( ဋ ) အငယ်တန်းစာရေးရာထူး လျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ(၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန်ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၁၀)သိန်း(ကျပ်ဆယ်သိန်းတိတိ)ကို တစ်လုံးတစ်ခဲတည်းပေးလျော်ရမည်။
( ဌ ) ရုံးအကူရာထူး လျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမရှိ ဘဲ (၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၅)သိန်း (ကျပ်ငါးသိန်းတိတိ)ကို တစ်လုံးတစ်ခဲတည်း ပေးလျော်ရမည်။
၃။ လျှောက်လွှာတွင်-
(က) လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်။
( ခ ) မွေးသက္ကရာဇ်။
( ဂ ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ။
(ဃ) လျှောက်ထားလိုသည့်ရာထူး။
( င ) ပညာအရည်အချင်း၊ အောင်မြင်သည့် ခုနှစ်နှင့်အောင်မြင်ခဲ့သည့်ကျောင်း/တက္ကသိုလ်။
( စ ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်။
(ဆ) ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့်ဖုန်းနံပါတ်။
( ဇ ) အမြဲတမ်းနေရပ်လိပ်စာ အပြည့်အစုံနှင့်ဖုန်းနံပါတ်။
၄။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
(က) ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေးနှင့် ရုံးအကူရာထူးများတွင် ပညာအရည်အချင်း အထောက်အထားအတွက် ဘွဲ့လက်မှတ်မိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊
( ခ ) နှစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၃)ပုံ။
( ဂ ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ။
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။
( င ) သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ (၆)လအတွင်း ရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်(မူရင်း)။
( စ ) သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ (၆)လအတွင်းရယူထားသည့် ပြစ်မှုကင်းရှင်း ကြောင်း ထောက်ခံချက်(မူရင်း)။
၅။ နိုင်ငံ့ဝန်ထမ်းများသည် မူရင်းလျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာနမှ တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူ၍ လည်းကောင်း၊ ပြင်ပမှ လျှောက်ထားသူများ အနေဖြင့် ဤဦးစီးဌာန(နေပြည်တော်)ရုံးချုပ်သို့ (၈- ၂- ၂၀၂၄ )ရက်နေ့ (ကြာသပတေးနေ့) အရောက် နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၆။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို(၁၅-၂-၂၀၂၄)ရက်နေ့နှင့်(၁၆-၂-၂၀၂၄) ရက်နေ့များတွင် ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသ၍ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂) ၊ နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ယူရန် ဖြစ်ပါသည်။
၇။ ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေးနှင့် ရုံးအကူရာထူးနေရာအတွက် ရေးဖြေစာမေးပွဲကို အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ ကွန်ပျူတာကျွမ်းကျင်မှု(လက်တွေ့) ကို ဖြေဆိုရမည်။ ရေးဖြေစာမေးပွဲကို (၁၉-၂-၂၀၂၄) ရက်နေ့တွင် စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများကို ဌာနမှဆက်သွယ်အကြောင်းကြားပါမည်။
၈။ (၂၁-၂-၂၀၂၄) ရက်နေ့နှင့် (၂၂-၂-၂၀၂၄) ရက်နေ့များတွင် ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေး နှင့် ရုံးအကူရာထူးနေရာများအတွက် လူတွေ့/လက်တွေ့ စစ်ဆေးမည်ဖြစ်ပါသည်။
၉။ အသက်ကန့်သတ်ချက်ကျော်လွန်သူများ၊ အချက်အလက်မပြည်စုံသောလျှောက်လွှာများနှင့် လျှောက်လွှာပိတ်ရက်ထက် နောက်ကျသောလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရုံးအမှတ်(၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် (၀၆၇-၃၄၃၀၅၇၁) သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
မူပိုင်ခွင့်ဦးစီးဌာန