ပြည်တွင်းသို့ ဆိုင်ကယ်တင်သွင်းမှု ဆက်လက်ကျဆင်း

        နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၀၅ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၈၆၇၇ စီးတင်သွင်းခဲ့ပါတယ်။ ယခင်တစ် ပတ်က ၉၅၃၂ စီး တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၆၆ စီး လျော့နည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကုန်သွယ်ရေးစခန်းအလိုက် တင်သွင်းမှုကိုကြည့်ပါက မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅၄ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၉၅၈ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၆၄၅ စီးနဲ့ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ ဆိုင် ကယ် ၇၄ စီးကို တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနယ်စပ်သုံးခုလုံးမှ ဆိုင်ကယ်တင်သွင်းမှုလျော့ကျခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ