ကုန်သွယ်ရေးစခန်းများနဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ပိုမိုတင်ပို့

   မတ် ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၄၄၉  သန်းတန်ဖိုးရှိ   ဆန်တန်ချိန် ၂၃၉၁၀ တင်ပို့ခဲ့တဲ့အနက် မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန်တန် ၁၅၀၊ ဧည့်မထဆန် ၁၄၈၀၁ တန်၊ ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၄၅ တန်၊ လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၈၉၁၄ တန်တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ဆန် တန်ချိန် ၁၉၂၁၀ တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ် ဆန်တင်ပို့မှု တန်ချိန် ၄၇၀၀ ပိုမိုခဲ့ပါ တယ်။
       ယခုတစ်ပတ်မှာ ဆန်ပိုမိုတင်ပို့သော်လည်း ဆန်ကွဲတင် ပို့မှုလျော့ကျခဲ့ပါတယ်။ ယခုတစ်ပတ်မှာ အမေရိကန် ဒေါ်လာ သုည ဒသမ ၅၈ သန်းတန်ဖိုးရှိ  ဆန်ကွဲ ၂၄၀၂ တန်ကျော်တင် ပို့ခဲ့ပြီး ယခင်တစ်ပတ်က အမေရိကန် ဒေါ်လာ သုည ဒသမ ၆၄၄ သန်းတန်ဖိုးရှိ ဆန်ကွဲ၂၆၇၅ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ် ဆန်ကွဲတင်ပို့မှု ၂၇၃ တန်လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ  ဆန်ကွဲ ၉၈၂ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ၁၄၀၈ တန် ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ  ၁၂ တန်ခန့် တင်ပို့ ခဲ့ပါတယ်။
       ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၂၄ သန်းတန်ဖိုးရှိ ဆန် ၇၅၈၈ တန်ခန့်တင်ပို့ခဲ့ရာ အနောက်အာဖရိကနိုင်ငံသို့ ဧည့်မထဆန် ၄၂၅ တန်၊ သီရိ လင်္ကာနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၄၅၀၊ မက်ဒါဂါစကား နိုင်ငံသို့ဧည့်မထဆန်တန်ချိန် ၁၀၀၀၊ ရုရှားနိုင်ငံသို့ ပေါင်းဆန် တန်ချိန် ၃၀၀နဲ့ ဧည့်မထဆန်တန်ချိန် ၅၀၀၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် ၇၅ တန်နဲ့ ဧည့်မထ ဆန် တန်ချိန် ၂၅၀၃ တန်ခန့်၊ တရုတ်နိုင်ငံသို့ ငစိန်ဆန်တန်ချိန် ၃၄၀ နဲ့ ဧည့်မထဆန် တန်ချိန် ၁၀၀၀၊ စင်ကာပူနိုင်ငံသို့ ဇီယာဆန် ၉၆ တန်နဲ့ ဧည့် မထဆန် ၁၂၅ တန်၊ ဂျပန်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၅၀၀၊ ဂီနီနိုင်ငံသို့ ဧည့် မထဆန်တန်ချိန် ၂၅၀၊ ဆီရာလီယွန်နိုင်ငံသို့ နွေဆန်မနောသုခ စပါယ်ရှယ်၂၄တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တန်ချိန် ၆၇၀၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ဆန်တန်ချိန် ၈၈၈ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ့ဆန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုနဲ့ အာရှ၊ အာဖရိက၊ ဥရောပသမဂ္ဂနိုင်ငံများသို့ အများအပြား တင်ပို့နိုင်ပြီဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့မြန်မာနိုင်ငံမှ ဆန်တ န်ချိန် နှစ်သန်း တင်ပို့နိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက  ပူးပေါင်းဆောင် ရွက်မှု အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရှိရပါတယ်။
         ယခုဘဏ္ဍာနှစ်တွင် မူလမျှော်မှန်းထားသည့် ပမာဏ ထက်ပိုမိုတင်ပို့နိုင်ခြင်း၊  အာဖရိကနိုင်ငံများ အပါအဝင်ဈေး ကွက်သစ်များ ရရှိလာခြင်းတို့ကြောင့်  ဝင်ငွေတိုးမြှင့်ရရှိရန် မျှော်မှန်းထားကြောင်းလည်း သိရှိရပါတယ်။ ယ ခုတစ်ပတ် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူ နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၁၅ သန်း တန်ဖိုး ရှိ ဆန်ကွဲ ၈၄၁၈ တန် တင်ပို့ခဲ့ပါတယ်။  ယခင်တစ်ပတ်က ဆန်ကွဲ ၃၈၇၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ၄၅၄၃ တန်ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး