နို့ဆီတန်ချိန် ၄၀၀ကျော်နဲ့ နို့မှုန့်တန်ချိန် ၇၀ နီးပါးတင်သွင်း

       ဇူလိုင်လ ၁၆ ရက်မှ ၂၂ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅၇၆၀၈၀ တန်ဖိုးရှိ  နို့ဆီ ၄၀၈ ဒသမ ၈၆၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၁၂၁ ဒသမ ၂၉၆တန်၊ မလေးရှားနိုင်ငံမှ ၄၆ ဒသမ ၈၀ တန် နဲ့စင်ကာပူနိုင်ငံမှ ၂၄၀ ဒသမ ၇၆၈တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ တံဆိပ်များမှာ ဒွန်းနို့ဆီ၊ My Boy နဲ့ Tea Pot တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် က တင်သွင်းခဲ့တဲ့ နို့ဆီတန်ချိန် ၃၅၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၅၈ တန်ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ နို့မှုန့် ကဒီတစ်ပတ်မှာ ယူကေမှ သုညဒသမ ၆၃၆ တန်၊ နယူးဇီလန်မှ ၅၅ ဒသမ  ၂၀ တန်နဲ့ စင်ကာပူနို င်ငံမှ ၁၃ ဒသမ ၇၉၆ တန်၊ စုစုပေါင်း ၆၉ ဒသမ ၆၃၂ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ နို့မှုန့်တန်ချိန် ၁၆၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ နို့မှုန့်တန်ချိန် ၉၀ ကျော်အဝင်လျော့ခဲ့တယ် လို့ သိရပါတယ်။

 

သီတာဝင်း (DOT)