ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေထွက်ကုန် တင်ပို့မှုကျဆင်း

         မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်ထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်း တန်ဖိုးရှိ ရေ ထွက်ကုန် ၁၃၁ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဘင်္ဂလား ဒေ့ရှ် နယ်စပ်မှ ၁၅၂ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၂၁ တန် တင်ပို့မှု ကျဆင်းခဲ့တယ်လို့   သိရပါ တယ်။ ယခုတစ်ပတ်မှာ စစ်တွေကုန် သွယ်ရေးစခန်းမှ ရေထွက်ကုန်တင်ပို့ မှုမရှိသလို   မောင်တောကုန်သွယ် ရေးစခန်းမှလည်း ရေထွက်ကုန် တင်ပို့မှု ကျဆင်းခဲ့တဲ့အတွက် ယခုလို လျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါ တယ်။ မောင်တော ကုန်သွယ်ရေး စခန်းမှ တင်ပို့ခဲ့တဲ့ ရေထွက်ကုန် ပစ္စည်းများမှာ ငါးသလော က်၊ ရေငန် ပုစွန်၊ ငါးခေါင်းပွ၊ ငါးစုံလေးခြောက်၊ ငါးမြစ်ချင်း၊ ငါးနီတူခြောက်၊ ငါးကုန်း ညိုခြောက်တို့ဖြစ်ပါတယ်။ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန် တင်ပို့မှု မရှိပေမယ့် အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၂ သန်း တန် ဖိုးရှိ မန်ကျည်းစေ့၊ ဆီးသီးခြောက်၊ ချင်း(အစို) ၊ ဧည့်မထ ဆန် ၂၅ မှတ် ၊ ဆီးဖတ်၊ သစ်ခေါက် ၊ ဆီးယိုထုပ်တို့ကို တန် ၅၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ