ကုန်သွယ်ရေး စခန်းများမှ ဆိုင်ကယ်များ တင်သွင်းမှုကျဆင်း

        တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်ထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၁၈ သန်း တန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံကို  ၈၅၁၃ စီးခန့် တင်သွင်းခဲ့ပါတယ်။  ယ ခင်တစ်ပတ်က ၉၅၀၉ စီး တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၉၆ စီး လျော့ နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ဆိုင်ကယ် တင်သွင်းမှု မရှိ သလို မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန် သွယ်ရေးဇုန်နဲ့ ကန်ပိုက်တီကုန် သွယ်ရေးစခန်းများမှ တင်သွင်းမှုလျော့ကျခဲ့တဲ့အတွက် ယခုလိုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၈၈ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၇၄၅၈ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၀ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၉၉၅ စီး၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၅ သန်းတန်ဖိုးရှိ ဆို င်ကယ် အစီး ၆၀ ကို တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ