အိန္ဒိယနယ်စပ်မှ ကွမ်းသီးများ ပိုမိုတင်ပို့

        မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၆၄၈ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၈၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၃၈ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၄၆ တန် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေး စခန်းမှ လျော့နည်းတင်ပို့ခဲ့ပေမယ့် တမူး ကုန်သွယ်ရေးစခန်းမှ ပိုမို တင်ပို့ခဲ့တဲ့အတွက် ယခုလို ပိုမို ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
        တင်ပို့မှုကို ကြည်ပါက တမူးကုန်သွယ်ရေးစခန်းက အမေရိကန် ဒေါ်လာ သုညဒသမ ၁၉၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၂၁၉ တန်နဲ့ ရိဒ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၅၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၅၆၅ တန်ကို တင်ပို့ခဲ့တယ်လို့သိရပါတယ်။ တမူး ကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၄၀ သန်းတန်ဖိုးရှိ နန့်ဖာလုံအမယ်စုံ၊ ငရုတ်ကောင်း၊ စီးကရက်၊ ပန်းသီး၊ သရက်သီး၊ ကွမ်းသီးအစိုနဲ့ အုန်းသီး တို့ကို ၁၀၈ တန် တင်ပို့ခဲ့ ပြီး ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၄၇ သန်းတန်ဖိုးရှိ ဆေးရိုး၊ စီးကရက်၊ အချိုရည်၊ ဆပ်ပြာ၊ ငါးမှုန့် ၊ ငါး သေတ္တာတို့ကို ၃၇၇ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

 

ခင်မိုးသူ