ကုန်သွယ်ရေးစခန်းစုံမှ ကြက်သွန်နီတင်ပို့

         မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၆၆၄၀ တန်ဖိုးရှိ ကြက်သွန်နီ ၃၂တန်ကို  တရုတ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄၆၈၀ တန်ဖိုးရှိ ကြက်သွန်နီခြောက်တန်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၄၃၇၅ တန်ဖိုးရှိ ကြက်သွန်နီ၂၅တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ကြက်သွန်နီ ၄ တန်၊ မြဝတီမှ ကြက်သွန်နီတန် ၃၀ ကို တရုတ် နိုင်ငံနဲ့ထိုင်းနိုင်ငံသို့တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဘုရင့်နောင် ကြက်သွန်ဈေးကွက်အတွင်းသို့ ကြက်သွန်ကုန် တင် ယာဉ် ဝင်ရောက်မှုလျော့ကျလာခြင်းကြောင့် ကြက်သွန်ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း အဆိုပါ ဈေးကွက်အတွင်းမှသတင်းရရှိပါတယ်။

 

မော်မော်အောင်