ကြူကုတ်ကြက်သွန်ဖြူပုံမှန်ဝင်ရောက်နေပြီး ဈေးဆက်ကျ

        ပြည်ကြက်သွန်ဖြူ(ပွဲရုံ)များတွင် ကြက်သွန်ဖြူအိတ်တွေ ရှမ်းလိုင်းရော တရုတ်လိုင်းပါ နေ့စဉ်ပုံမှန်ဝင်ရောက်လျက် ရှိနေပါတယ်။ ဈေးနှုန်းများမှာလည်း အနည်းငယ်စီဆက်၍ ကျဆင်းလာတာကြောင့် ပြည်မြို့နယ်တွင်းစားသုံး သူရော သုံးစွဲသူပါဈေးနှုန်းအကြိုက် ဖြစ်နေပါတယ်။ ယခုတစ်ပတ်ပြည်ကြက်သွန်ဖြူ တစ်ပိဿာလျှင် (ပွဲရုံဈေး) ရှမ်းစ လတ် ကျပ် ၃၂၀၀၊ ကြူကုတ်စ ကျပ် ၂၀၅၀ဈေးထိကျလာတာတွေ့ရပါတယ်။ ဒေသတွင်းလက်လီအရောင်းဈေး များတွင် တစ် ပိဿာလျှင် ရှမ်းစ ကျပ် ၃၆၀၀ နှင့် ကြူကုတ်စ ကျပ် ၂၄၅၀ ဖြင့်ရောင်းချ လျက်ရှိနေပါတယ်။ ယခုတစ်ပတ် ဒေသတွင်း အရောင်းအဝယ်နည်းနေပြီး ဒေသခြားအရောင်းအဝယ်သာရှိနေတာကြောင့် ရောင်းအားကျဆ င်းနေတယ်လို့လည်း သိရပါတယ်။ တစ်ပတ်တွင်း ကြက်သွန်ဖြူအိတ် ၂၀၀ကျော်ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။

 

နီနီဝင်း