မူဆယ်မှ နနွင်းတက် ပိုမိုတင်ပို့

          အောက်တိုဘာ၁၄ရက်မှ၂၀ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ   အမေရိကန်ဒေါ်လာ ၁၃၆၀၆၄ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) တန် ၁၉၀ ကျော်ကို တရုတ်နိုင် ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၇၉ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၁၁၁ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက် တစ်တန်ကို  မိမိဘက်ပေါက်ဈေး(ငွေလဲနှုန်း)အရ ကျပ် ၉၆၈၁၁၀ ရှိပါတယ်။ အ လားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ် ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၄၀၂၂ တန်ဖိုးရှိ နနွင်းတက် (ကျောက်ဆည်စ) ၅တန်ခွဲကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

 

 

မော်မော်အောင်