မကွေးကုန်စည်ဒိုင်၌ နှမ်းဈေးနှုန်းများ ထပ်မံကျဆင်း

မကွေးတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်တွင် နှမ်း မျိုးစုံ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  မိုးနှမ်း များ အရည်အသွေးနှင့်ဝယ်လိုအားကြောင့် နှမ်းဈေးကျသွား သည်။ ယခုတစ်ပတ် ဖေဖော်ဝါရီ ၁၁ရက်တွင်  မကွေးကုန်စည် ဒိုင်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၉၀ဝ၀ဝ၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်း ဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၄၅၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ထိပ်စ ကျပ် ၁၃၃၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စကျပ် ၁၂၈၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ် လျှင် ထိပ်စ ကျပ် ၁၂၅၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံး တင်းဝင် တစ်အိတ်လျှင် အောက်စ ကျပ် ၁၂၂၀ဝ၀၊ နှမ်းနီ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၁၃၀ဝ၀၊ နှမ်းညို ကြား ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၁၃၀ဝ၀ ဈေးတို့ဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့သည်။

 

ယခင်တစ်ပတ် ဖေဖော်ဝါရီ  ၄  ရက်နှင့်နှိုင်းယှဉ်ပါက နှမ်းများ အရည်အသွေးနှင့် ဝယ်လိုအားကြောင့်  နှမ်းဈေးများ ကျဆင်းသွားရာ နှမ်းနက်(စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ် အိတ်လျှင် အလတ်စ ကျပ် ၁၀ဝ၀ဝ၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်းဝင်   တစ်အိတ်လျှင် အလတ်စကျပ် ၃၀ဝ၀ဝ၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင်  ထိပ်စကျပ် ၂၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာသုံးတင်းဝင် တစ်အိတ်လျှင် အောက်စ ကျပ်၂၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ် အိတ်လျှင် ထိပ်စ  ကျပ် ၅၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စ ကျပ်၃၀ဝ၀၊ နှမ်းနီ  ၄၅ ပိဿာ သုံးတင်းဝင်  တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀၊ နှမ်းညို ကြား  ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ စီဈေးကျကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

 

လှမိုးခိုင်

(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)