ကုမ္ပဏီအသစ်များ ပို့ကုန်သွင်းကုန်လုပ်ငန်း စတင်ဆောင်ရွက်ခွင့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးရုံးချုပ်သို့ တင်ပြရန်မလိုတော့

ယခင်ကနယ်စပ်စခန်းများ၌ ကုမ္ပဏီအသစ်များမှ ပို့ကုန်သွင်းကုန် လုပ်ငန်းများစတင် ဆောင်ရွက်နိုင်ရန် ကုမ္ပဏီ Letter Head ပါမူရင်း လျှောက်လွှာ၊ ကုမ္ပဏီ  Letter Head ပါကုမ္ပဏီမှတ်ပုံတင်အမည်ပျက် စာရင်းတွင်မပါရှိကြောင်းကတိဝန်ခံချက်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မူရင်း/မိတ္တူ၊ ထုတ်ကုန် သွင်းကုန် မှတ်ပုံတင်လက်မှတ်မူရင်း/မိတ္တူ၊ နယ်စပ်ကုန်သည်များအသင်းဝင် လက်မှတ် မူရင်း/မိတ္တူ၊ Form VI, XXVI မူရင်း/မိတ္တူ များအားမူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီးကြောင်း သက်ဆိုင်ရာ နယ်စပ်စခန်းမှ တာဝန်ရှိသူက လက်မှတ်ရေးထိုးပြီး ရုံးချုပ်သို့ တင်ပြခဲ့ရပါတယ်။ ရုံးချုပ်ရဲ့ ခွင့်ပြုချက်ရရှိတဲ့ အခါကျမှ သက်ဆိုင်ရာနယ်စပ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းများ စတင်ဆောင်ရွက်ရတာဖြစ်ပါတယ်။ ယခုအခါကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် အဖက်ဖက်မှဖြေလျော့ပေးနေပြီဖြစ်ရာ ၎င်းကုမ္ပဏီအသစ်များရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ရုံးချုပ်သို့ခွင့်ပြုချက် ရရှိရေးတင်ပြခြင်းအစား သက်ဆိုင်ရာနယ်စပ်စခန်းများမှာပဲ စခန်းတာဝန်ရှိသူက တာဝန်ယူ ကြီးကြပ်ပြီး ခွင့်ပြုနိုင်ရေးဖြေလျော့ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။ ကုမ္ပဏီအသစ်များပို့ကုန်သွင်း ကုန်လုပ်ငန်းများ စတင်ဆောင်ရွက်ရန် လျှောက်ထားလာပါက အထောက်အထား ၆ မျိုးအား မူရင်းနဲ့တိုက်ဆိုင်စိစစ်ပြီး နယ်စပ်စခန်း အနေနဲ့ခွင့်ပြုပေး သွားနိုင်ပြီဖြစ်ကြောင်း ပို့ကုန်သွင်းကုန် ကုမ္ပဏီအသစ်များအတွက် သတင်းကောင်း ပါးလိုက်ရပါတယ်။
Source : ကညက
ပန်