ပြည်တွင် ကြက်သွန်နီအရည်အသွေးပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ ပခုက္ကူ၊ အောင်လံနယ်တို့မှ   ပိဿာ ၃၀ ဝင်အိတ် ၃၀ဝ-၃၅၀ ခန့် ဝင်ရောက်မှုရှိနေပြီး ပခုက္ကူနယ်ဘက်မှ   ကြက်သွန်နီများ အရည်အသွေးကောင်းသဖြင့် ပိုမိုဝင်ရောက်မှုရှိနေသည်။အောင်လံနယ်ဘက်မှ ကြက်သွန်နီမှာ အရည်အသွေး အနည်းငယ်ညံ့သဖြင့် အိတ် ၅၀ ခန့်သာဝင်ရောက်မှုရှိကြောင်း သိရသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှု၏ထက် ဝက်ခန့်သာ ရောင်းဝယ်မှုရှိနေပြီး အရည်အသွေးပေါ် မူတည် ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ပခုက္ကူ၊ ရေနံ ချောင်း ကြက်သွန်နီအစများကို စားသုံးသူပြည်သူများ အကြိုက်တွေ့သဖြင့် ပိုမိုရောင်းဝယ်မှုရှိနေသည်။  ဈေးနှုန်းများအနေဖြင့် ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင်   (ကြီး/ လတ်/သေး) ကျပ် ၆၀ဝ/၅၅၀/၄၅၀-၃၅၀ နှုန်းတို့ရှိပြီး လက်လီဈေးအသေးများ ကျပ် ၈၀ဝ-၇၅၀/၇၀ဝ-၆၅၀/ ၆၀ဝ-၅၅၀ စသည်ဖြင့်  အသီးသီးရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ 

 

ဝင်းလဲ့ဝါ(ပြည်)