မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးနှင့် မြသလ’ာဈေးများအတွင်း ပစ္စည်းအမယ်ပေါင်း ၁၃၀ အနက် ၂၅ မျိုးတွင် အန္တရာယ်ဖြစ်စေသည့် ဓာတုဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိ

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်း ရတနာဈေးနှင့် မြသလ္လာဈးများတွင် ဖြန့်ဖြူး ရောင်းချလျက် ရှိသော အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းများကို ဇန်နဝါရီလ ၂၆ ရက် နေ့လယ်က စစ်ကိုင်းတိုင်းဒေသကြီး၊ စား သုံး သူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံ/စီးပွား ဝန်ကြီး ဦးစိန်မောင်းနှင့်အတူ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်း ဒေသကြီး ဦးစီးမှူး ဦးခမ်လျန်စွမ်း နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး စီမံကိန်းဦးစီး ဌာန၊ ခရိုင် ပညာရေးမှူးရုံး၊ တိုင်းစက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းသမဝါယမ ဦးစီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မုံရွာဆီ စက်လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ၊ တိုင်းဥပဒေချုပ်ရုံး၊ တိုင်းစည်ပင်သာယာ ရေးအဖွဲ့၊  ဈေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနက ဝန်ထမ်းများလိုက်ပါ၍ ကွင်းဆင်းကြည့် ရှုစ စ်ဆေးခဲ့ပါသည်။
           ထိုသို့စစ်ဆေးရာတွင် ယခင်ဓာတ်ခွဲခန်း (Mobile Lab)ဖြင့် ပစ္စည်းအမယ်ပေါင်း ၁၃၀ ကို စစ်ဆေးခဲ့ရာ ၂၅ မျိုးတွင် ဓာတုဗေဒဆိုးဆေးများ ပါဝင်နေသည့်အတွက် စားသုံးသူပြည်သူ များ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိ ခိုက်စေနိုင် ကြောင်း ဓာတ်ခွဲခန်းအဖြေအရ သိရှိရပါသည်။ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သည် ဓါတုဆိုးဆေးပါသော စားသောက်ကုန်ပစ္စည်း ပိုင်ရှင်များကို ခေါ်ယူသတိပေးခြင်း၊ ၎င်းင်းပစ္စည်းများ သိမ်းဆည်း ဖျက်ဆီးြ ခင်း၊ ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်း၊ နောင်တွင် ရှောင်တခင်စစ်ဆေး၍ ပြန်လည်ရောင်းချခြင်းများ တွေ့ရှိပါက အမျိုးသား အစားအသောက်ဥပဒေနှင့် ဖြစ်စေ၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ဖြစ်စေ ပြင်းထန်စွာ အရေး ယူသွားရန်ရှိကြောင်း သတင်းရရှိပါသည်။

 

ယဉ်မာလှိုင် (မုံရွာ)