ရင်းနှီးမြှုပ်နှံသူများနဲ့ ခရီးသွားလုပ်ငန်းများအတွက် တစ်ခုတည်းသော ရည်မှန်းချက်ဒေသအဖြစ် CLMVT နိုင်ငံတို့က ပူးတွဲထူထောင်မည်

       ထိုင်းနိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့  CLMVT  Forum ရဲ့ သုံးရက်ကြာ  အစည်းအဝေး ကို ဇူလိုင် ၁၆ ရက်က  စတင်ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့မှ အစိုးရအရာရှိများနဲ့ စီးပွားရေးလုပ်ငန်းရှင်များ  ၁၀၀၀ ကျော် တက် ရောက်ခဲ့သလို ဂျပန်နဲ့ အမေရိကန်မှ ကျွမ်းကျင်သူ များလည်း တက်ရောက်ခဲ့ကြောင်း နေးရှင်းသတင်း မှာ ဖော်ပြပါတယ်။
        ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခွင့်အလမ်းတွေ ရဲ့ စွမ်းအားနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဒေသတွင်းစီးပွားရေးလုပ်ငန်း ကွန်ရက် ကျယ်ပြန့်လာမှုတွေကြောင့် မဲခေါင်ဒေသ ရှိ ဒီနိုင်ငံတွေကို ကမ္ဘာ တစ်ဝန်းက သတိထား သိမြင် လာခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာ ယွတ်ချန်အိုးချားက ပြောပါတယ်။ ဂျပန်ကုမ္ပဏီများက ထိုင်းနိုင်ငံကို ကုန်ထုတ် လုပ်မှုနဲ့  အရောင်းအခြေစိုက်စခန်းအဖြစ်   ဆယ် စုနှစ်ပေါင်း မျာ စွာ အသုံးပြုခဲ့ပြီးနောက် ယခုအခါ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့မှာ လုပ်ငန်းချဲ့ထွင်ဖို့ ကြိုးပမ်းလာကြောင်း ဖိုရမ်မှာ ပြောကြားပါတယ်။  အဖွဲ့ဝင်နိုင်ငံများမှာ ဂျပန်နိုင်ငံ က  ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်လာခြင်းြ ဖင့် နှစ်ဖက်စလုံးမှာ အကျိုးရှိနိုင်ပါတယ်။ ဖိုရမ်ရဲ့ဆွေး နွေးချက်များအရ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက CLMVT နိုင်ငံတွေရဲ့ စီးပွားရေးမှာ ကျောရိုးသဖွယ် ဖြစ်နေပေမယ့် ထုတ်လုပ်မှုကျဆင်းလာတာကြောင့် ဒေသတွင်း စီးပွားေ ရးကို   ခိုင်ခိုင်မာမာ အထောက် အကူမပေးနိုင်သေးကြောင်း သိရသည်။
        ထို့ပြင်CLMVT နိုင်ငံများအနေဖြင့်  နယ် နိမိတ်ဖြတ်ကျော်   ဆောင်ရွက်တဲ့ လုပ်ငန်းများ အတွက် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းလွယ် ကူအောင်  ဆောင်ရွက်ဖို့လိုကြောင်း သိုလှောင်မှု ကောင်းမွန်ဖို့နဲ့ ပျက်စီးလွယ်တဲ့ ကုန်ပစ္စည်းများအား ဒေသတွင်းဈေးကွက်များသို့ လျင်မြန်စွာတင်ပို့နိုင် ဖို့အတွက် ဒေသတွင်း အခြေခံအဆောက်အအုံနဲ့ လယ်ယာကဏ္ဍထောက်ပံ့ပို့ဆောင်မှုစနစ်ကို  ကောင်း မွန်အောင်ဆောင်ရွက်ဖို့လိုကြောင်း  သတင်းမှာ ေ ဖာ်ပြထားပါ တယ်။ နယ်စပ်ဖြတ်ကျော်မှု  လုပ်ထုံးလုပ်နည်းများ လွတ်လပ်မှုရှိပါက အဖွဲ့ဝင်နိုင်ငံများအတွက် ဆွဲ ဆောင်မှုကောင်းတဲ့ လုပ်ငန်းနယ်ပယ်ဖြစ်တဲ့ ခရီး သွားလုပ်ငန်းကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ ခရီးသွား လုပ်င န်းရေရှည်ဖွံ့ဖြိုး မှုက စီးပွား ရေးကိုထူးထူးခြားခြား အကျိုးဖြစ်ထွန်းစေနိုင်ပေ မယ့် ဗီဇာလုပ်ထုံးလုပ်နည်းရဲ့ ရှုပ်ထွေးမှုတွေက လည်း လာရောက်မယ့် ခရီးသည်တွေကို အဟန့် အတားဖြစ်စေနိုင်ပါတယ်။  CLMVT ငါးနိုင်ငံ အတွ က် ဗီဇာငါးခုမလိုဘဲ ဗီဇာတစ်ခုတည်းနဲ့ လာ ရောက်မယ့်နည်းလမ်းတွေကို  ဖိုရမ်တက်ရောက် သူတွေက ဆွေးနွေးကြပါတယ်။                  

 

ဉာဏ်တင်