အမေရိကန်လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန၏နိုင်ငံရပ်ခြားလယ်ယာ စိုက်ပျိုးရေးဌာန ကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်

      အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြား လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနကို မြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံသံရုံးတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယင်းဌာနစတင်ဖွင့်လှစ်ခြင်းကို သြဂုတ် လ ၈ ရက်က မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၌ ကျင်းပခဲ့သည်။ အမေရိကန်နိုင်ငံလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံရပ် ခြား လယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန၏ အုပ်ချုပ်ရေးမှူး ဖီးလ်ကာစတင်က "မြန်မာနို င်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍမှာ ပိုမိုပူးပေါင်းပါဝင်လာစေရေးနဲ့ နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူ တွေ လက်တွေ့ခံစားနိုင်မယ့် စီးပွားရေးအကျိုးရလဒ်တွေကို ဆောင် ကြဉ်းပေးနိုင်ရေးမှာ အထောက်အကူဖြစ်စေမယ့် အားလုံးပါဝင်နိုင် တဲ့စီးပွား ရေးဖွံ့ဖြိုးမှုကို ကူညီပံ့ပိုးပေးသွားဖို့ အမေရိကန်လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနက သန္နိဋ္ဌာန်ချမှတ်ထားပါတယ်"ဟု ပြော ကြားခဲ့သည်။
      အမေရိကန်နိုင်ငံ၏ နိုင်ငံရပ်ခြား လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနသည်  မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်သံရုံးများနှင့် သံတမန်အဖွဲ့အစည်းများတွင် ရုံးခန်း ပေါင်း ၉၄ ခုကို ဖွင့်လှစ်ထားရှိခဲ့ ပြီး နိုင်ငံပေါင်း ၁၇၁နိုင်ငံနှင့်ချိတ်ဆက်ကာ ကွန်ရက်များဖွဲ့ထားနိုင်ပြီဖြစ်သည်။ အဆိုပါဌာနသည် နိုင်ငံတကာ ဈေးကွက်တည်ဆောက်ခြင်းနှင့် အမေရိကန်အစားအစာနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ ခြင်းတို့အပြင် အေ မရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများဖြစ်သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းနိုင်ငံများ၏ အစားအစာနှင့် လယ်ယာစိုက်ပျိုးရေးစနစ် အားကောင်းလာစေရေးနှင့် အနာဂတ်ကုန်သွယ်ရေး အခွင့်အလမ်း များ အတွက် အခြေခံအုတ်မြစ်တစ်ခု  ချမှတ်တည်ဆောက်ပေးခြင်းတို့တွင်လည်း  နိုင်ငံရပ်ခြား လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှုဌာနက ဦးဆောင်လျက်ရှိကြောင်း သိရသည်။ အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန၏ အဓိက အေ ရးပါသော ကဏ္ဍဖြစ်သည့် ကမ္ဘာတစ်ဝန်းရှိ စားရေရိက္ခာလိုအပ်နေသူများ အတွက် အကူအညီပေးရေးတွင်လည်း နိုင်ငံရပ်ခြားလယ်ယာ စိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာနက ပံ့ပိုးကူညီပေးလျက်ရှိသည်။
        နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ အပါအဝင် အခြားမိတ်ဖက်လက်တွဲဖော်များနှင့်အတူ လက်တွဲကာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားရေရိက္ခာအကူအညီေ ပးရေး အစီအစဉ်များ စီမံခန့်ခွဲခြင်းနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍတိုးမြှင့်ရေးအတွက် နည်းပညာကျွမ်းကျင်မှု အကူအညီများကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနသည် ၎င်း လုပ်ငန်း လုပ်ဆောင်လည်ပတ်ရာနိုင်ငံများ၏ အနာဂတ်အတွက် ယင်းနိုင်ငံများ၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အင်စတီ ကျူးရှင်းများနှင့်စည်းမျဉ်းထိန်းညှိမှုများ အားကောင်းလာစေရေး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုက်နာေ ဆာင်ရွက်ရေး၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေမည့် သဘာဝပတ်ဝန်းကျင် တစ်ခုပေါ်ပေါက်ရေးဖော်ဆောင်မှုတို့တွင် အကူအညီပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ နိုင်ငံတကာသုတေသီများ၊ မူဝါဒဖော်ေ ဆာင်သူများနှင့် လယ်ယာစိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များအား ၎င်းတို့နှင့်နယ်ပယ်တူ ကျွမ်းကျင်ရာ အမေရိကန်လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်နိုင်ရေး၊ ၎င်းတို့မိခင်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတည်ေ ဆာက်ရာတွင် အထောက်အကူဖြစ်စေမည့် လိုအပ်သောအတတ်ပညာနှင့် ကျွမ်းကျင်မှုစွမ်းရည်များရရှိရေးတို့အတွက် ပညာသင်ဆုအစီအစဉ်များ နှီးနှောဖလှယ်ရေး အစီအစဉ်များကိုလည်း နိုင်ငံရပ်ခြား လယ်ယာစိုက် ပျိုးရေးဆိုင် ရာ ဝန်ဆောင်မှုဌာနက ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

 

မယ်သီတာ