ဟောင်ကောင်ရှိ အငှားယာဉ်များတွင် မှတ်တမ်းတင်စက်ကိရိယာများ တပ်ဆင်ရန်စီစဉ်

       ဟောင်ကောင်ရှိ အငှားယာဉ်များတွင် ယခုနှစ်အတွင်း မသင့်လျော် သော အပြုအမူများကာကွယ်ရေးနှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုကောင်း မွန်လာစေရေးအတွက် အငှားယာဉ် အနည်းဆုံး အစီးနှစ်ထောင်ခန့်အား မှတ် တမ်းတင်စက်ကိရိယာများ (Recording devices) တပ်ဆင်ရန်စီစဉ်ခဲ့သည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ လုံခြုံရေးကော်မရှင်နာ (Privacy commissioner)က ပြည်သူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအား ချိုးဖောက် မှုအန္တရာယ်နှင့် ပတ်သက်၍ စဉ်းစားရန်လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်။
        မှတ်တမ်းတင်ခြင်းစနစ်နှင့်ပတ်သက်ပြီး ခရီးသည်များသို့ အသိပေးသော စတစ်ကာအား ကားတံခါးတွင် ဘာသာနှစ်မျိုးဖြင့် ကပ်ထားရန်လိုအပ်ပြီး၊ ယာဉ်မောင်းကလည်း ခရီးစဉ်စတင်မီ မှတ်တမ်းတင်စနစ်အား ခရီးသည် သို့ အသိပေးရန် လိုအပ်ကြောင်း၊ ကော်မရှင်နာကပြောကြားခဲ့သည်။ အစိုးရအနေဖြင့် အငှားယာဉ်လုပ်ငန်းအား ဝန်ဆောင်မှုအရည်အသွေးတိုး မြင့်စေရန် ၎င်းစနစ်ကျင့်သုံးမှုအား အားပေးကြောင်း၊ သို့ရာတွင် ပုဂ္ဂိုလ် ရေးဆိုင်ရာ အချက်အလက်များ၏ လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရ မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့