အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးတို့တွေ့ဆုံ

          အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းသည် ဝါရှင်တန်ဒီစီရှိ အမေရိကန်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာ အာ ရန်အမ် ကူးမားနှင့် နိုဝင်ဘာ ၇ ရက် က အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ သည်။ ထိုကဲ့သို့တွေ့ဆုံရာတွင် အမေရိကန် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာနဝန်ကြီး မစ္စတာ အာရန်အမ်ကူးမား က မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတွင် ကူးသန်းရောင်းဝယ် ရေးဌာနခွဲ ဖွင့်လှစ်ထားပြီး၊ အမေရိကန် အသေးစား လုပ် ငန်းများအား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်း နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ထိတွေ့ရန် အရေးကြီးကြောင်းပြော ဆိုခဲ့သဖြင့် ယခုအချိန်သည် အရေးကြီးသည့် အချိန်ဖြစ် ကြောင်း၊ အမေရိကန်နိုင်ငံမှ ချမှတ် ထားသည့် စီးပွားရေးအရေးယူ ပိတ်ဆို့ မှုများ ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ အ ချိန်အတွင်း အမေရိကန် စီးပွားရေးလုပ်ငန်းများ ကိုယ်စားလှယ်အဖွဲ့ မြန်မာ နိုင်ငံသို့ သွားရောက်ရန်ရှိပြီး ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့်လည်း တွေ့ဆုံ ရန် အစီအစဉ်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံဆောင်ရွက်မှု အလားအလာကောင်းမွန်ရန် အမေရိကန်ဘဏ်များ မြန်မာနိုင်ငံ၌ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ေ နသေးကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အခြေခံ အဆောက်အအုံ ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် Infrastructure Collaboration Platform  တည်ဆောက်နိုင်ကြောင်း၊ သတ်မှတ် အချိန်ကာလတွင် အသေး စိတ် အကြောင်းအရာများ ဆွေးနွေး လိုပါကြောင်း၊ ရန်ကုန်ကဲ့သို့သော မြို့ပြ ဖွံ့ဖြိုးပြီးဧရိယာများတွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး စီမံချက် ကဲ့သို့သော လုပ်ငန်းများတွင် အမေရိကန် ကုမ္ပဏီများမှ ဝင်ရောက် လုပ်ကိုင်နိုင် ကြောင်း၊ မြန်မာနိုင်ငံ၏ Export  promotionအတွက် သင်တန်းပေးအပ်ရန်ရှိကြောင်း၊ ပို့ကုန်အပြန်အလှန် တိုးတက်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် နားလည်မှုစာချွန်လွှာ ရေးထိုး ရန်ရှိ ပါကြောင်း၊ အမေ ရိကန်-မြန်မာ အိုင်စီတီ ကောင်စီမှ အိုင်စီတီဥပဒေမူဘောင် ရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ ပါသည်။
         ထို့နောက် မြန်မာ သံအမတ်ကြီး ဦးအောင်လင်းက ပြန်လည်ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် ယခင်က အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့်ထိတွေ့ရန် အခွင့်အရေး မရရှိခဲ့သဖြင့် ယခုအချိန်သည် မြန်မာ့သမိုင်းတွင် အရေးပါသော  အချိန်တစ်ချိန်ဖြစ် ကြောင်း၊ မြန်မာ စီးပွားရေးလုပ်ငန်း များကလည်း အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် စိတ် အားထက်သန် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီး ဌာနနှင့်မိတ်ဆွေနိုင်ငံ ခြားရေးဝန်ကြီးဌာနများအကြား ပုံမှန်ဆက်သွယ်ဆောင်ရွက်၍ ရနိုင်သည့် Foreign Service Consulation ယန္တရား တစ်ရပ် ထူထောင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန နှစ်ခုအကြား ဆက်ဆံဆောင်ရွက်၍ ရနိုင်ေ သာ ယန္တရားတစ်ရပ် (သို့မဟုတ်) အစီအစဉ် တစ်ခုတည်ထောင်ပါက အကျိုးရှိမည်ဟု ယူဆကြောင်း၊ နိုင်ငံတိုင်းမှ မြန်မာ နိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး ရေး ကို ပြော ဆို လျက်ရှိကြောင်း၊ မိမိတို့ အနေနှင့် အတူလက်တွဲဆောင်ရွက် နိုင်သည်ကို ဦးစွာဆွေးနွေးခြင်းက ပိုမို ကောင်းမွန်သည် ဟု ထင်မြင်ပါကြောင်း၊ အမျိုးသားစီးပွားရေး ရာ ပေါင်း စပ် ညှိနှိုင်းမှု ကော်မတီသည် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များအား ဘက်စုံ ပေါင်း စပ်ညှိနှိုင်းပေးလျက်ရှိကြောင်း၊ တစ်ခုနှင့်တစ်ခု ထပ်မနေစေရန် ညှိနှိုင်းပေးလျက် ရှိကြောင်း၊ ေ ကျာက်စိမ်း၊ ကျောက်မျက် ရတနာ ရောင်းဝယ်မှုများနှင့် စပ်လျဉ်း၍ ယခုအခါ တိုင်းပြည်ဝင်ငွေ ရရှိရေး အတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ လုပ်ဆောင်ရန် ရှိကြောင်း၊ တရား ဝင်ရောင်းဝယ်မှု ဖြစ်စေရန် နိုင်ငံတော်မှ ရည်ရွယ်ထားပါကြောင်း၊ မြန်မာ နိုင်ငံမှ ငွေလွှဲပို့ကိစ္စရပ်များ ဆောင်ရွက်၍ မရသေးကြောင်း၊ မြန်မာသံရုံးသည် ပင်လျှင် ငွေလွှဲပို့မရ သည်မှာ အဓိက အခက်အခဲဖြစ်ကြောင်း ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

 

မြန်မာသံရုံး၊ ဝါရှင်တန်မြို့