အိန္ဒိယနိုင်ငံ၏ ငွေကြေးဂယက်သည် ဘူတန်နှင့် ဘင်္ဂလားဒေ့(ရှ်) နိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်မှုကို နှောင့်နှေးစေရှိသည်ဟုဆို

         အိန္ဒိယနိုင်ငံ၏ ငွေကြေးဂယက်သည် ဘူတန်နှင့်ဘင်္ဂလားဒေ့(ရှ်)နိုင်ငံတို့ အကြားရှိ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကိုပါ ထိခိုက်စေခဲ့ကြောင်း၊ အဆိုပါကိစ္စရပ်သည် အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံအကြား ရှိ ပြဿနာရပ်ပင်ဖြစ်သော် လည်း ၎င်းကုန်သွယ်မှုအပေါ်တွင် မှီခိုနေသည့် ထောင်ပေါင်းများစွာသော အိန္ဒိယနိုင်ငံသားများမှာ ဒုက္ခရောက် သည့် အခြေအနေနှင့် ကြုံတွေ့နေရ ကြောင်း သိရှိရပါသည်။
         ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည့် ဘူတန်နိုင်ငံသည် ၎င်း၏အများဆုံး ကုန်သွယ်ဖက်နိုင်ငံများအနက် တစ် နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံနှင့် ကုန်သွယ်မှုပြုရာ၌ အဓိကအားဖြင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ် ရှိ Dooars ဒေသမှတစ်ဆင့် ကုန် သွယ်လျက်ရှိကြောင်း၊ Dooars ဒေသ မြောက်ပိုင်းတွင် အိန္ဒိယနှင့် ဘူတန် နယ်စပ်ကုန်သွယ်ရေးဂိတ်ကြီး လေးခုရှိ ပြီး Dooars ဒေသတောင်ပိုင်းတွင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန် သွ ယ်ရေးဂိတ်လေးခုရှိကြောင်း၊ ဘူတန် နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၃၀ ဝန်းကျင်ခန့်ရှိရာ အဆိုပါ ကုန်သွယ်မှုအများစုကို Dooars ဒေသရှိ အိန္ဒိယကိုယ်စားလှယ်များ၊ ကုန်တင်ယာဉ်များ၊ ထုတ်ပိုးသူများ မှ ကိုင်တွယ်လုပ်ဆောင်ကြခြင်းဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံသား ၁၀ဝဝဝ ဝန်းကျင်သည် ဘူတန်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုအပေါ်တွင် သွယ်ဝိုက်မှီခို နေကြသူများဖြစ်ကြောင်း သိရှိရပါသည်။
          သို့ဖြစ်၍ အိန္ဒိယနိုင်ငံ၏ တရားမဝင်ငွေစက္ကူကြေညာသည့် အစီအစဉ် ကြောင့် တန်ဖိုးနည်းငွေစက္ကူအသေ များ ဆိုးဆိုးရွားရွား ပြတ်လပ်ခဲ့ပြီး၊ သယ်ယူပို့ဆောင်ခြင်း၊ ပစ္စည်းထုပ်ပိုး ခြင်းအလုပ်များဖြင့် အသက်မွေးဝမ်း ေ ကြာင်းပြုနေသူများ၏ နေ့စဉ်လုပ်ခ လစာပေးရန် အခက်အခဲကြုံတွေ့ခဲ့ရ ကြောင်း၊ အဆိုပါဒေသတွင် ဘဏ်များ နှင့် ATM စက်အရေအတွက် နည်းပါး ခြင်းတို့ကြောင့် လုပ်ငန်းအများစုမှာ ငွေသားဖြင့်သာ အများအားဖြင့် အသုံး ြ ပုပေးချေလေ့ရှိကြကြောင်း၊ အလုပ် သမားများမှာလည်း ဘဏ်များရှေ့တွင် တစ်နေကုန်တန်းစီနေကြပြီး လုပ်ငန်း ခွင်ပျက်ကွက်လျက်ရှိကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် ငွေစက္ကူသေး ရှားပါးသည့် အခြေအနေကို အခွင့် ေ ကာင်းယူ ကာ တရားမဝင်ငွေကြေး လဲလှယ်သည့် ကိုယ်စားလှယ်များ ကလည်း ငွေလဲလှယ်နှုန်းထားများ အား ၁၀ ရာခိုင်နှုန်း ပိုမိုရယူဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့