စင်ကာပူရှိ ၂၀၁၉ ဘွဲ့ရများအတွက် ကနဦးရရှိသော အလယ်အလတ်လစာ မြင့်တက်

       အချိန်ပြည့် အလုပ်အကိုင်ရရှိ ထားသည့် စင်ကာပူရှိဘွဲ့ရတို့၏  စုစုပေါင်း ကနဦးရရှိသည့် အလယ်အလတ် လစာမှာ မြင့်တက်ခဲ့သည်ဟု  ဖေဖော် ဝါရီ ၂၈ ရက်က ထုတ်ပြန်သော  ဘွဲ့ရ အလုပ်အကိုင်ရရှိမှု  ပူးတွဲစစ်တမ်း တစ်စောင်တွင် ဖော်ပြထားကြောင်း ချန်နယ်နယူးအေရှသတင်းတွင် ဖော်ပြ သည်။ အလယ်အလတ် လစာဆိုသည် မှာ စစ်တမ်းကောက်ယူသော လုပ်ငန်း နယ်ပယ်တွင်  ပါဝင်သူဦးရေထက် ဝက်ထက်နည်းပြီး ကျန်ထက်ဝက်ထက် များသောလစာကိုခေါ်ခြင်းဖြစ်သည်။ ယခုစစ်တမ်းသည်  နန်ယန်း နည်းပညာတက္ကသိုလ်(NTU)၊ စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)၊ စင်ကာပူ စီမံခန့်ခွဲမှု   တက္ကသိုလ်   (SMU) နှင့် စင်ကာပူလူမှုသိပ္ပံ တက္ကသိုလ်(SUSS) တို့၏ အချိန်ပြည့်  အစီအစဉ်များမှ ဘွဲ့ရပြီးစ  ကျောင်းသား ၁၁၄၀ဝ ဦးကို ကောက်ယူထားသော   စစ်တမ်းဖြစ် သည်။

      ဘွဲ့ရများအား သူတို့ရရှိထားသော အလုပ်အကိုင်  အဆင့်အတန်းအလိုက်  နောက်ဆုံးစာမေးပွဲအပြီး ခြောက်လအကြာ ၂၀၁၉ ခုနှစ် နိုဝင် ဘာ ၁ ရက်တွင်ရှိနေသော အခြေအနေ ကို ကောက်ယူထားခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ဘွဲ့ရပြီးစအချိန် ပြည့် အမြဲတမ်း အလုပ်အကိုင်ရရှိသူ များအနက် အလယ်အလတ် လစာရရှိ သည့်လစာမှာ စင်ကာပူဒေါ်လာ ၃၆၀ဝ ရှိသည့်အတွက်  ၂၀၁၈ ခုနှစ်က ရှိခဲ့ သော လစာဖြစ်သည့်  စင်ကာပူဒေါ်လာ ၃၅၀ဝ ထက် အနည်းငယ်မြင့်တက်နေသည်။ သတင်းအချက် အလက်နှင့် ဒစ်ဂျစ်တယ်နည်းပညာ  ဘွဲ့ရများမှာ အမြင့်ဆုံးဖြစ်ပြီး  ကနဦးရရှိသည့်အလယ်အလတ်လစာ မှာ   စင်ကာပူ ဒေါ်လာ ၄၄၀ဝ ရှိသည်။ နောက်ဆုံးစာမေးပွဲ ဖြေပြီး ခြောက်လအတွင်းတွင် အလုပ်အကိုင် ရသူမှာ ဘွဲ့ရစုစုပေါင်း၏ ၉၀ ဒသမ ၇ ရာခိုင်နှုန်းရှိရာ ၂၀၁၈ ခုနှစ်ကရှိခဲ့သော ၉၀ ဒသမ ၂ ရာခိုင်နှုန်းထက် ပိုခဲ့သည်။ အချိန်ပြည့် အမြဲတမ်းအလုပ်အကိုင် ရသူမှာလည်း ၈၁ ဒသမ ၇ ရာခိုင်နှုန်းရှိသဖြင့် ၂၀၁၈ ခုနှစ်ကရှိခဲ့ သော ၈၂ ဒသမ ၂ ရာခိုင်နှုန်းထက် မြင့် မားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အလွတ်တန်း လုပ်ငန်းကို လုပ်ဆောင်သူ ရာခိုင်နှုန်း မှာ သုည ဒသမ ၂ ရာခိုင်နှုန်း မြင့်တက် ကာ ၂ ရာခိုင်နှုန်းသို့ရောက်ခဲ့ပြီး အချိန် ပိုင်း  သို့မဟုတ် ယာယီလုပ်ငန်းလုပ် ကိုင်သူဦးရေမှာ သုညဒသမ ၂ ရာခိုင် နှုန်း  ကျဆင်းကာ  ၇ ရာခိုင်နှုန်း ရှိခဲ့ ကြောင်း သိရသည်။

 

စံမီအောင်