စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံသံအမတ်ကြီး H.E. Dr. Enno Drofenik ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ ဆုံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားသံအမတ်ကြ H.E. Dr. Enno Drofenik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မတ် ၂၈ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ (၁) ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုး ဆဲနိုင်ငံဖြစ်သည့်အတွက် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ အားနည်းချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဖွံ့ဖြိုးတိုးတက်ရေး၊ မိတ်ဖက်နိုင်ငံများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုအတွက် အဓိကအခန်းကဏ္ဍမှပါဝင်သော လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်မွေးပညာရပ် သင်တန်းများ ကူ ညီပံ့ပိုးပေးရေး၊ သွင်းကုန်/ ပို့ကုန်လိုင်စင် ဖြေလျှော့မှုများပြုလုပ်၍ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ဝင် ရောက်လာရေး ဆောင်ရွက်နေမှုများ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် အသေးစားနှင့်အလတ်စား စီးပွား ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
MOC (IR)