ပြည်ကြက်သွန်နီ ယခင်နှစ်ထက် ဈေးကောင်းရလျက်ရှိ

       ယခုတစ်ပတ်အတွင်း ပြည်ကြက်သွန်နီသီးနှံအနေဖြင့်  ဈေးနှုန်းများ တက်လိုက်ကျလိုက်ဖြစ်နေတာ တွေ့ရပါတယ်။ အတက်အကျမြန်ဆန်နေပေမယ့် အောက် ဖော်ပြပါအတိုင်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက စားသုံး သူအကြိုက် ကြက်သွန်နီ(အလတ်စ)ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့် ပိုမိုဈေးကောင်းရလျက်ရှိနေတာတွေ့ရပါတယ်။ ယခုနှစ်ဇွန်လပထမပတ်မှစ၍ တရိပ်ရိပ်နှင့် ကြက်သွန်နီဈေးနှုန်းများ ပိုမိုမြင့်တက်လာတာကိုလည်းေ တွ့ရပါတယ်။  ယခုတစ်ပတ်ကြက် သွန်နီပွဲရုံများ၌ လက္ကားတစ်ပိဿာလျှင် (ကြီး) ကျပ် ၁၆၅၀-၁၇၀၀၊ (လတ်) ကျပ် ၁၅၅၀-၁၆၀၀၊ (သေး) ကျပ် ၁၄၀၀-၁၄၅၀တို့ရှိပြီး လက်လီဈေးအသေးများတွင် (ကြီး)ကျပ် ၁၉၀၀၊ (လတ်) ကျပ် ၁၇၀၀-၁၈၀၀၊ (သေး)ကျပ် ၁၅၀၀-၁၆၀၀တို့နှင့်  အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ ပြည်ဈေးကွက်သို့ ပုံမှန်ထက် အဝင်နည်းနေပြီး အရောင်းအဝယ်အနေဖြင့် ဒေသတွင်းဝယ်လက်သမားများ၊ အိတ်ဆွဲ ဝယ်ရောင်းသမားများနှင့် ဧရာဝတီ၊ ရခိုင်တို့သို့ တင်ပို့မှု အပါအဝင်တစ်ရက် ကို ပိဿာ(၃၀)ဝင် အိတ် ၁၈၀-၂၀၀ ခန့်သာရှိ၍ အရောင်းအဝယ်အေးနေကြောင်း လည်းသိရပါတယ်။

 

ဝင်းလဲ့ဝါ (ပြည်)