တာချီလိတ်ကုန်သွယ်ရေးသတင်း

တာချီလိတ်ကုန်သွယ်ရေးသတင်း

+++++++++++++++++++++

တာချီလိတ်ကုန်သွယ်ရေးမှ ယခင်တစ်ပတ်ပို့ကုန်ပစ္စည်းများအနေဖြင့်နာနတ်သီး၊ ဖရဲသီး၊ ထောပတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လက်ဖက်ခြောက်၊ MANGANESE DIOXIDE၊ ပုလင်းခွံဟောင်း၊ ပလတ်စတစ်ဗူးခွံဟောင်းနှင့် ကတ်ထူစက္ကူတို့ တင်ပို့ခဲ့ပြီး သွင်းကုန်ပစ္စည်းများအနေဖြင့် ဘိလပ်မြေ၊ လယ်ထွန်စက်များ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ တွင်းထွက်(သတ္တုမှ အပ)ဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ သားရေ၊ သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ၊ ဆပ်ပြာ၊ ချုပ်ပြီးအဝတ်အထည်များနှင့် အခြားပစ္စည်းများ တင်သွင်းခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ် - တာချီလိတ်ကုန်သွယ်ရေးစခန်း