ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်း အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

သြဂုတ်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇၄ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ  ၈ ဒသမ ၈၈၄ သန်းရှိပြီး ကုန် သွယ်မှုပမာဏ ၁၇ ဒသမ ၂၅၈ သန်းဖြစ်၍ ကာလတူ ဆောင်ရွက်မှု နှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၅၆၆ သန်းပိုမိုခဲ့ပြီး  သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၆၅ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည  ဒသမ ၃၉၉ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။

ကာလတူထက် ပို့ကုန်ပိုင်းတွင် ပိုမိုခဲ့ခြင်းမှာ အဓိကပို့ကုန် ဖြစ်သည့် Rubber R.S.S (3) ၊ ဆန်ကွဲ၊ ကွမ်းသီး၊ ဆန်၊ နှံစားပြောင်း၊ ကွမ်းသီးခွံ၊ လက်ဖက်ခြောက်တို့ တင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ  ရင်းနှီးမြှုပ်နှံမှုပစ္စည်း အုပ်စု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ဒသမ ၅၅၇သန်း၊ လုပ်ငန်းသုံးကုန် ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၅သန်း နှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၂ သန်း တင်သွင်းမှု လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။

အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၀၅ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၅၈၂ သန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ် မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၉ဒသမ ၂၈၇သန်း ပိုမိုခဲ့ ကြောင်း သိရသည်။ ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ အခြားကုန်ပစ္စည်း အုပ်စု တင်ပို့မှုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၆ သန်း လျော့နည်းခဲ့သော်လည်း လယ်ယာ ထွက်ကုန်အုပ်စုမှ အဓိက ပို့ကုန်ဖြစ်သည့် ရော်ဘာ၊ ဆန်၊ ဆန်ကွဲ၊ နှံစားပြောင်း၊ ကွမ်းသီးခွံ၊ ကွမ်းသီးခြောက်တို့ တင်ပို့မှုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀၁သန်း ပိုမိုတင်ပို့နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ 

အနီးစပ်ဆုံး  ကာလထက် သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံကုန်ပစ္စည်း အုပ်စုမှ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၇ သန်း၊ လုပ်ငန်းသုံးကုန်ပစ္စည်းအုပ်စုမှ တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၃၃ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုမှ တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၂၃၂ သန်း ပိုမိုခဲ့ခြင်းကြောင့် ဖြစ် သည်။ 

အိမ့် (DOT)