လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ အကောက်ခွန်မဲ့ဖမ်းဆီးရမိ
နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တာချီလိတ်၊ မိုင်းခုတ်၊ မိုင်းဖြတ်လမ်းတွင် တရားမဝင်ကုန်ပစ္စည်းများအား ညအချိန်တွင် ဖြတ်သန်းသယ်ဆောင်နေကြောင်း သတင်းရရှိသဖြင့် အဖွဲ့ခွဲ၍စောင့်ကြည့်နေစဉ် ၀၀း၀၅ နာရီ်တွင် ယာဉ်အမှတ် 5G/xxxx SKAT အမျိုးအစား အဖြူရောင် Tipper ယာဉ်တစ်စီးမောင်းနှင်သွားသဖြင့် Mobile Team အဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ဝှေ့ပါလန်းရွာနှင့် ကျောက်လိုဏ်ဂူခြားလမ်းပေါ်တွင် တရားမဝင်သယ်ဆောင်လာသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းခြောက်မျိုး ခန့်မှန်းတန်ဖိုးကျပ် ၆ ဒသမ ၉၇၅ သန်းအား ဖမ်းဆီးရမိပြီး တာလေတိုးဂိတ်တွင်လည်း ၁၀း၀၀ ချိန်မှ ၁၆း၀၀ နာရီအတွင်း Mobile Team အဖွဲ့က တာချီလိတ်မှ ကျိုင်းတုံသို့ ဖြတ်သန်းသွား သည့် မော်တော်ယာဉ်များကို စစ်ဆေးခဲ့ရာ လူသုံးကုန် ၊ စားသောက်ကုန်နှင့် ဆိုင်ကယ်အပိုပစ္စည်းများခန့်မှန်းတန်ဖိုးကျပ် ၃ ဒသမ ၇၄၉ သန်း ကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူဝှေ့ရဲ စစ်ဆေးရေးဂိတ်တွင်လည်း ၄ဂ/xxxx Tiger ယာဉ်နှင့် ၃ခ/xxxx 4 Wheel မော်တော်ယာဉ်များပေါ်မှ အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းများ၊ အလှကုန် ပစ္စည်းများနှင့် DVD အပိုပစ္စည်းများ စုစုပေါင်းပစ္စည်း (၄၀) မျိုးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိ အကောက်ခွန်မဲ့ပစ္စည်းများရဲ့ခန့်မှန်း တန်ဖိုးမှာ ကျပ်သန်းပေါင်း ၆ ဒသမ ၄၂၅ ဖြစ်ပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်နိုင်ခဲ့တယ်လို့သိရပါတယ်။
DCCA