ခန့်မှန်းတန်ဖိုးကျပ် ၂၁ သိန်းကျော်တန်ဖိုးရှိ အေးခဲဘဲသား၊ ကြက်သားများရှောင်ကွင်းလမ်းမှာသိမ်းဆည်းမိ

   မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့ Mobile Team အဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ m Asia World Toll Gate အနီးရှောင်ကွင်းလမ်းတွင် အေးခဲဘဲသား (၃၉)ဖာနဲ့ အေးခဲကြက်သား ၁၂ ဖာတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ အဆိုပါ အေးခဲဘဲသား၊ ကြက်သား များဟာ အလေးချိန်အားဖြင့် ကီလို ၇၁၀ ရှိပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၂၁ ဒသမ ၃၀၀  ရှိတယ်လို့ သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိပစ္စည်းများအား လုပ်ထုံးလုပ်နည်းနဲ့ အညီ မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံ၍ အမှုတွဲများဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ အဆိုပါ အေးခဲဘဲသား၊ ကြက်သားများမှာ FDA  ထောက်ခံချက်တစ်စုံတစ်ရာ မပါခြင်းကြောင့် စားသုံးရန်မသင့်ခြင်း၊ ပုပ်သိုးပျက်စီးလွယ်ပစ္စည်းများ ဖြစ်ခြင်းကြောင့် အဖွဲ့စုံနဲ့အတူ အကောက်ခွန်ရုံးဝင်းအတွင်း မြေမြှုပ်ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့သိရှိရပါတယ်။

DCCA