ပြည်ပမှ တစ်ပတ်ရစ်များ တင်သွင်းခွင့် တတိယအကြိမ်စမ်းသပ်ကာလတိုးမြှင့်

   ပြည်ပမှ တစ်ပတ်ရစ်များတင်သွင်းခွင့်ပြုခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ တစ်နှစ်ချင်းခွင့်ပြုပေးလျက်ရှိရာ ဒုတိယအကြိမ်စမ်းသပ်ကာလသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ပါတယ်။

  တတိယအကြိမ်စမ်းသပ်ကာလအဖြစ်တင်သွင်းခွင့်ပြုနိုင်ရန် အကောက်ခွန်ဦးစီးဌာနမှ သဘောထားမှတ်ချက်ရယူပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ သဘောတူညီချက်ဖြင့် ပြည်ပမှ တစ်ပတ်ရစ်များ တင်သွင်းခွင့်ကို တတိယအကြိမ်စမ်းသပ်ကာလ အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ထိ သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

MIRT (DCCA)