စုပုံထားတဲ့ ပိတောက်သစ်များနဲ့ မှန်လုံယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာတဲ့ တမလန်းသစ်များစစ်ဆေးတွေ့ရှိ

   နောင်ချို Asia World တိုးဂိတ်အနီးအခြေပြု  Mobile Team လရ-၁ အဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ယာဉ်စစ်ဆေးရေးဂိတ်တွင် ဝင်ရောက် စစ်ဆေးနေစဉ် ဧရာဝတီ မှန်လုံယာဉ် အမှတ် ၅ခ/xxxx  ပေါ်မှ ယာဉ်နောက်ပိုင်းတွင် သိုဝှက်သယ်ဆောင်လာတဲ့ တမလန်းသစ်များကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း ဂုတ်တွင်းအနီးညောင်ပင်မှ နောင်ချိုမြို့အထွက် ရှောင်ကွင်းလမ်းတွင် စုပုံထားတဲ့ ပိတောက်ခွဲသားများကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါသိမ်း ဆည်းရမိ မှန်လုံယာဉ်ပေါ်မှ တမလန်းသစ်များနဲ့ စုပုံထားတဲ့ ပိတောက်သစ်များရဲ့ ခန့်မှန်းတန်ဖိုးကျပ် သန်းပေါင်း ၂ ဒသမ ၃၉၇ ဖြစ်ပြီး ဧရာဝတီမှန်လုံယာဉ်ရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၁၅၀ ခန့်ဖြစ်တယ်လို့သိရပါတယ်။ သိမ်းဆည်းရမိ တမလန်းသစ်ပိတောက်သစ်များနဲ့တင်ဆောင်လာတဲ့ ဧရာဝတီမှန်လုံယာဉ်အား မြို့နယ်အကောက်ခွန်ဦးစီးဌာနတွင် အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA