ED / ID Balance ဖြတ်ခြင်းအားမှန်မှန်ကန်ကန်ဆောင်ရွက်သွားရန်လို

   ပို့ကုန်အမှန်တင်ပို့ဆောင်ရွက်ရာတွင် ED Balance ဖြတ်ပိုင်းဖြတ်ရာ၌ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအတိုင်းဖြတ်ခြင်းမရှိကြောင်းကြားသိရတဲ့အတွက် ယာဉ်စစ်ဆေးရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် တာဝန်ရှိသူများအနေဖြင့် စနစ်တကျစစ် ဆေးဆောင်ရွက်သွားရန်နဲ့ ယာဉ်ပေါ်ပါကုန်ပစ္စည်းအရေအတွက်အတိုင်း Balance ဖြတ်ခြင်း ဆောင်ရွက်ရန် လိုကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များအပိုင်းမှ ယာဉ်ပေါ်ပါကုန်ပစ္စည်းအရေအတွက်အတိုင်း ED / ID Balance ဖြတ်ခြင်းအား မှန်မှန်ကန်ကန်ဆောင်ရွက် သွားရန်လိုကြောင်း တမူးနယ်စပ်မှာကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံမှပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

ခင်မိုးသူ MIRT (DCCA)