ဆန်နဲ့ ဆန်ကွဲတင်ပို့မှုလျော့ကျ

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းမှ ဖေဖော်ဝါရီ ပထမပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၆၉၆ သန်းဖိုးရှိ ဆန်တန်ချိန် ၁၅၅၇၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။

   ယခင်သီတင်းပတ်က တင်ပို့မှုရှိခဲ့တဲ့ ချင်းရွှေဟော်စခန်းမှ ယခုတစ်ပတ်မှာမတင်ပို့နိုင်ခဲ့ပါဘူး။ မူဆယ် (၁၀၅)မိုင်မှ ကန်ဒေါ်လာ ၄ ဒသမ ၆၄၆ သန်းတန်ဖိုးရှိ ငစိန်ဆန် ၈၇၂၃ တန်နဲ့ ဧည့်မထဆန် ၃၈၅၃ တန်ခန့် တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ် တင်ပို့မှုထက် တန် ၁၁၀၀၀ လျော့နည်းခဲ့ပါတယ်။

   လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၅၀ သန်းဖိုးရှိ ဧည့်မထ တန် ၃၀၀၀တင်ပို့ပြီး ယခင်သီတင်းပတ်ထက် တန် ၂၀၀၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှ ယခင်ရက်သတ္တပတ်က ၁၅၄၁ တန်တင်ပို့ခဲ့ပြီး ယခု တစ်ပတ်မှာ တင်ပို့မှုမရှိခဲ့ပါဘူး။

   ဆန်ကွဲတင်ပို့မှုကိုကြည့်မယ်ဆိုပါကလည်း ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၆၆၁ သန်းဖိုးရှိ  ဆန်ကွဲ ၈၂၀၀ တန်သာ တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ် ထက် ၄၅၂၄ တန် လျော့နည်းခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ် (၁၀၅)မိုင်မှ တန် ၇၂၀၀ နဲ့ လွယ်ဂျယ်မှ တန် ၁၀၀၀ ဖြစ်ပါတယ်။

   ကောက်ညင်းဆန်ကိုလည်း မူဆယ်မှ တန် ၂၅၀ ၊ ကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းဖိုးသာ  တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် ထက်ဝက်ခန့်လျော့ကျခဲ့ပါ တယ်။

ယဉ်ယဉ်အေး MIRT (DCCA)